အင်ဒိုနီးရှားနိုင်ငံမှာ အသက် ၁၆ နှစ်အောက် ကလေးငယ်တွေရဲ့ လူမှုကွန်ရက်အကောင့်ပေါင်း ၄ ဒသမ ၇ သန်းခန့်ကို TikTok နဲ့ YouTube တို့က ပိတ်သိမ်းလိုက်တယ်လို့ ဒီဂျစ်တယ်နဲ့ ဆက်သွယ်ရေးဝန်ကြီး Meutya Hafid က ပြောပါတယ်။

အဲဒီအထဲမှာ တရုတ်နည်းပညာကုမ္ပဏီ ByteDance ရဲ့ TikTok က အကောင့် ၄ ဒသမ ၁ သန်းနဲ့ Google ရဲ့ YouTube က အကောင့် ၆ သိန်းကို ပိတ်သိမ်းခဲ့တာဖြစ်ပြီး တခြားလူမှုကွန်ရက်ပလက်ဖောင်းတွေကိုလည်း အလားတူလုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

TikTok, YouTube deactivate 4.7M child accounts in Indonesia after curbs | GMA News Online

ဒီလိုပိတ်သိမ်းတာဟာ အင်ဒိုနီးရှားအစိုးရက ပြီးခဲ့တဲ့ မတ်လမှာ ထုတ်ပြန်ခဲ့တဲ့ စည်းမျဉ်းသစ်ကြောင့်ဖြစ်ပြီး အွန်လိုင်းပေါ်မှာ ကလေးတွေ စိတ်အနှောင့်အယှက်ဖြစ်အောင် နိုင်ထက်စီးနင်းလုပ်ခံရတာနဲ့ လူမှုကွန်ရက်အပေါ် စွဲလမ်းတာတွေကို လျှော့ချဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ အဲဒီစည်းမျဉ်းအရ အန္တရာယ်ရှိနိုင်တယ်လို့ သတ်မှတ်ခံထားရတဲ့ X (Twitter)၊ Instagram နဲ့ Roblox စတဲ့ ပလက်ဖောင်းတွေလည်း အသက် ၁၆ နှစ်အောက် ကလေးအကောင့်တွေကို ပိတ်သိမ်းဖို့ လိုအပ်မှာဖြစ်ပါတယ်။

TikTok, YouTube deactivate 4.7mn child accounts in Indonesia

အစိုးရအနေနဲ့ ကလေးတွေရဲ့ လူမှုကွန်ရက်အသုံးပြုမှုကို ရိုးရိုးတန်းတန်း တားဆီးရုံတင်မဟုတ်ဘဲ ပလက်ဖောင်းတွေရဲ့ လုပ်ဆောင်ပုံတွေကိုပါ ပြောင်းလဲစေချင်တာဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။ အခုလို ကလေးသူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် လူမှုကွန်ရက်တွေကို ကန့်သတ်ပိတ်ပင်တဲ့လုပ်ရပ်ကို ဩစတြေးလျနဲ့ ဗြိတိန်အပါအဝင် ကမ္ဘာ့နိုင်ငံအပြားမှာလည်း တိုးမြှင့်လုပ်ဆောင်လာနေကြပါတယ်။

Ref: Bangkokpost