အမေရိကန် ရေကြောင်းနည်းပညာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဟာ လျှပ်စစ်မီးနဲ့ ရေချိုကိုပါ ထုတ်လုပ်ပေးနိုင်မယ့် ဧရာမ ရေပေါ် AI ဒေတာစင်တာ စီမံကိန်းကို ထုတ်ဖော်ပြသလိုက်ပါတယ်။ အဲဒီ Kraaken လို့ အမည်ပေးထားတဲ့ မဂ္ဂါဝပ် ၁၀၀ ထွက်ရှိမယ့် ရေယာဉ်ကို Optimal Transit ကုမ္ပဏီက တည်ဆောက်နေတာ ဖြစ်ပါတယ်။

Floating data center would provide water and electricity to 32,000 homes

ဒီစီမံကိန်းကနေ ကမ်းခြေကို လျှပ်စစ်မီး ၄၀ မဂ္ဂါဝပ်အထိ ပေးပို့နိုင်မှာဖြစ်ပြီး အိမ်ခြေ ၃၂,၀၀၀ ခန့်ကို မီးပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူပေါင်း ၁၅၀,၀၀၀ အတွက် လုံလောက်တဲ့ ရေချိုလီတာ သန်း ၃၀ ကို နေ့စဉ် ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီး ကျန်တဲ့ ၆၀ မဂ္ဂါဝပ်ကိုတော့ AI တွက်ချက်မှုတွေအတွက် အသုံးပြုသွားမှာပါ။ ရေယာဉ်မှာ သမုဒ္ဒရာရေအပူချိန်ပြောင်းလဲခြင်း (OTEC) နည်းပညာနဲ့ ကွန်ပျူတာတွေကနေ ထွက်လာတဲ့ အပူတွေကို အသုံးပြုပြီး လျှပ်စစ်နဲ့ ရေချို ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

Power Requirements for AI Data Centers: Resilient Infrastructure

ရာသီဥတုဆိုးရွားတဲ့အချိန်တွေမှာ ရေယာဉ်ကို ဖြုတ်ခွာပြီး ရွှေ့ပြောင်းနိုင်အောင်လည်း ဒီဇိုင်းထုတ်ထားပါတယ်။ Optimal Transit ရဲ့ ခန့်မှန်းချက်အရ ကွန်ပျူတာ ဟာ့ဒ်ဝဲလ်စရိတ် မပါဝင်ဘဲ တည်ဆောက်ရေးအတွက် အချိန် ၃ နှစ်ခန့် ကြာမြင့်နိုင်ပြီး ကုန်ကျစရိတ် ဒေါ်လာ ၅၈၇ သန်းခန့် ရှိနိုင်ပါတယ်။ ဒါပေမဲ့ Kraaken ဟာ လက်ရှိမှာ အဆိုပြုလွှာအဆင့်သာ ရှိသေးပြီး လက်တွေ့ လည်ပတ်နေတာ မဟုတ်သေးကြောင်း သိရပါတယ်။

Ref : Technology Innovation