၂၀၂၆-၂၇ ရာသီ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် (UEFA Champions League) ဘောလုံးပြိုင်ပွဲကို စက်တင်ဘာလ ၈ ရက်နေ့မှာ စတင်ပြီ ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲ မစတင်ခင်မှာပဲ ဒီရာသီအတွက် ဗိုလ်စွဲဖို့ အခွင့်အရေးအများဆုံးအသင်းတွေကို စူပါကွန်ပျူတာက ခန့်မှန်းထုတ်ပြန်လိုက်ပါတယ်။

အော့ပတာ (Opta) စူပါကွန်ပျူတာရဲ့ နောက်ဆုံးခန့်မှန်းချက်တွေအရ အင်္ဂလန်ကလပ် အာဆင်နယ်အသင်းက ချန်ပီယံဖြစ်ဖို့ ၂၁.၂ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးကနေ ရေပန်းစားနေပါတယ်။ ဒုတိယနေရာမှာတော့ ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်အသင်းက ၁၉.၉ ရာခိုင်နှုန်းနဲ့ ရပ်တည်နေပြီး တတိယနေရာမှာ အင်္ဂလန်ကလပ် မန်ချက်စတာစီးတီးက ၁၂ ရာခိုင်နှုန်းနဲ့ ရပ်တည်နေပါတယ်။
အခြားထိပ်တန်းရေပန်းစားတဲ့ အသင်းတွေအနေနဲ့ စတုတ္ထနေရာမှာ ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီ (၇.၇ ရာခိုင်နှုန်း)၊ ပဉ္စမနေရာမှာ စပိန်ကလပ် ဘာစီလိုနာ (၇ ရာခိုင်နှုန်း) တို့ အသီးသီး ရပ်တည်နေပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးအသင်းတို့က ၅.၁ ရာခိုင်နှုန်းစီနဲ့ အဆင့် ၆ နေရာမှာ ပူးတွဲရပ်တည်နေပြီး မန်ချက်စတာယူနိုက်တက်ကတော့ ၃.၇ ရာခိုင်နှုန်းနဲ့ အဆင့် ၈ နေရာမှာ ရှိနေပါတယ်။
Ref : Khaosod
