စတိုးဆိုင်တစ်ခုမှာ ဈေးဝယ်လာသူတစ်ဦးက လူတူစက်ရုပ်တစ်ရုပ်ကို သွားရောက်တွန်းတိုက်မိရာကနေ မထင်မှတ်ထားတဲ့ ထိတ်လန့်စရာဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီလို တွန်းလိုက်တဲ့အချိန်မှာ လူတူစက်ရုပ်က ချက်ချင်းဆိုသလို ပြန်လည်နိုးထလာပြီး တွန်းတဲ့သူကို ပြန်လည်ကန်ကျောက်ဖို့ ကြိုးစားခဲ့ပါတယ်။

လူတူစက်ရုပ်က ဈေးဝယ်သူဆီကို ဆက်တိုက် တိုးဝင်လာတဲ့အတွက် ဆိုင်ဝန်ထမ်းတွေနဲ့ အနီးနားမှာရှိနေတဲ့သူတွေက အလျင်အမြန် ဝင်ရောက်တားဆီးခဲ့ရပါတယ်။ သူတို့တွေက လူတူစက်ရုပ်ကို ကြမ်းပြင်ပေါ် လဲချပြီး အတော်လေးကို ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရကာ ဒီဖြစ်စဉ်အတွင်းမှာ ထိခိုက်ဒဏ်ရာရသူ ရှိမရှိကိုတော့ လတ်တလော မသိရသေးပါဘူး။

Humanoid Robot Kicks Out at Customer After Being Pushed, Sparking Remote  Control Suspicions | SBS 뉴스

ဒီလိုမျိုး လူတူစက်ရုပ်ရဲ့ တုံ့ပြန်မှုက တမင်တကာ တိုက်ခိုက်ဖို့ ပရိုဂရမ်ရေးဆွဲထားတဲ့ အပြုအမူလား ဒါမှမဟုတ် ဟန်ချက်ညီအောင် ထိန်းကျောင်းတဲ့ နည်းပညာပိုင်းဆိုင်ရာ တုံ့ပြန်မှုလား ဆိုတာကတော့ ပဟေဠိဖြစ်နေဆဲပါ။ ဖြစ်စဉ်အသေးစိတ်နဲ့ ပတ်သက်ပြီး တရားဝင် အတည်ပြုချက်တွေ မရသေးတဲ့အတွက် လူတူစက်ရုပ်က ဒေါသထွက်ပြီး လက်စားချေတယ် ဆိုတဲ့ ကောလာဟလတွေကိုတော့ အမှန်တကယ်ဖြစ်ရပ်အဖြစ် မသုံးစွဲသင့်သေးပါဘူး။

Ref : en.haberler