အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နဲ့ တရုတ် သမ္မတ ရှီးကျင့်ဖိန်တို့၏ အိမ်ဖြူတော် ထိပ်သီးအစည်းအဝေးမှာ AI နည်းပညာ ထိန်းချုပ်ကွပ်ကဲရေးနဲ့ နည်းပညာ ပြိုင်ဆိုင်မှုတွေကို ဗဟိုပြု ဆွေးနွေးခဲ့ကြပါတယ်။ မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူ Bill Gates ကတော့ AI နည်းပညာရဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး သတိပေးပြောကြားလိုက်ပါတယ်။ NBC သတင်းဌာန  နဲ့ အင်တာဗျူးမှာ ဘီလ်ဂိတ်က မသမာသူတွေရဲ့ လက်ထဲကို နောက်ဆုံးပေါ် AI ကိရိယာတွေ ရောက်ရှိသွားပါက လူပေါင်း ဘီလီယံနဲ့ချီ သေဆုံးစေတဲ့အထိ ကြီးမားတဲ့ ဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

Bill Gates warns AI could cause 'a billion deaths'

အိမ်ဖြူတော်မှာ ကျင်းပတဲ့ ဧည့်ခံပွဲညစာစားပွဲသို့ စမ်အာ့လ်မန်း၊ အီလွန်မတ်စ်ခ်၊ ဆတ်သရာ နာဒယ်လာနဲ့ ဂျန်းဆင်း ဟွမ်တို့ အပါအဝင် ထိပ်သီး နည်းပညာကုမ္ပဏီ အရာရှိအများအပြား တက်ရောက်ခဲ့ကြပါတယ်။ AI နည်းပညာမှာ အမေရိကန် ဦးဆောင်နေမှုကို ထိန်းသိမ်းထားချင်တာကြောင့် စည်းမျဉ်းစည်းကမ်း တင်းကြပ်မှာကို ထရန့်က ငြင်းပယ်ထားသော်လည်း ရှီးကျင့်ဖိန်ကတော့ တာဝန်ယူမှုရှိတဲ့ စီမံခန့်ခွဲမှု လိုအပ်ကြောင်း ထောက်ပြထားပါတယ်။ ဒါ့အပြင် ဘီလ်ဂိတ်က AI ကုမ္ပဏီတွေကို ကိုယ်တိုင် ထိန်းချုပ်ခွင့် မပေးဘဲ အစိုးရနဲ့ ဥပဒေပြု အမတ်တွေဘက်က တင်းကြပ်တဲ့ စည်းမျဉ်းတွေ ရေးဆွဲပြဋ္ဌာန်းပေးဖို့ တောင်းဆိုထားပါတယ်။

Bill Gates warns AI is powerful enough to cause "a billion deaths"

Anthropic ကုမ္ပဏီရဲ့ CEO ဒါရီယို အာမိုဒေအီနဲ့ OpenAI ရဲ့ CEO စမ်အာ့လ်မန်းတို့ အပါအဝင် နည်းပညာ အကြီးအကဲအချို့ကလည်း AI ရဲ့ ဖွံ့ဖြိုးတိုးတက်မှု နှုန်းထားကို လျှော့ချပြီး ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းတွေကို ပိုမို အာရုံစိုက်ဖို့ သတိပေးထားကြပါတယ်။ OpenAI ရဲ့ စမ်းသပ်ဆဲ AI စနစ်တွေ ကန့်သတ်ချက်ကျော်လွန်ပြီး လုံခြုံရေး ကျိုးပေါက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် နည်းပညာ ဖွံ့ဖြိုးမှု မြန်ဆန်လွန်းနေမှုအပေါ် စိုးရိမ်မှုတွေ ပိုမို မြင့်တက်လာနေပါတယ်။ စစ်တမ်းတွေအရလည်း အမေရိကန် ပြည်သူအများစုက AI နည်းပညာဆိုင်ရာ ထိန်းချုပ်မှုတွေကို ပိုမို တင်းကြပ်စေချင်ကြပါတယ်။

Ref : Yahoo