အလက်စကာမှာ ပြုလုပ်ခဲ့တဲ့ တိမ်တိုက်မျိုးစေ့ချစမ်းသပ်မှုတစ်ခုမှာ ဒရုန်းတွေကို အသုံးပြုပြီး ၃ နာရီအတွင်း မိုးရေဂါလန် ၁၉ သန်းခန့် ရွာသွန်းစေခဲ့တယ်လို့ ခန့်မှန်းရပါတယ်။ အဲဒီ စမ်းသပ်မှုကို Rainmaker Technology က ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့က အလက်စကာရဲ့ ကီးနိုင်းကျွန်းဆွယ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Cloud seeding start-up uses drones to generate 19 million gallons of water  in Alaska in three hours - Yahoo News Canada

စမ်းသပ်မှုအတွင်း အလိုအလျောက်မောင်းနှင်တဲ့ Elijah ဒရုန်းတွေဟာ တိမ်တိုက်မျိုးစေ့ချမစ်ရှင် ၇ ခုကို ချိတ်ဆက်ဆောင်ရွက်ခဲ့ပြီး ငွေအိုင်အိုဒိုက် (silver iodide) ၃၇၄ ဒသမ ၃ ဂရမ်ပါဝင်တဲ့ မီးကျည် ၁၉ ခုကို ပစ်လွှတ်ခဲ့ပါတယ်။ အဲဒီ ငွေအိုင်အိုဒိုက်တွေဟာ တိမ်တိုက်တွေထဲက ရေစက်ကလေးတွေကို ရေခဲပုံဆောင်ခဲတွေဖြစ်လာအောင် ကူညီပေးပြီး နောက်ဆုံးမှာ မိုးအဖြစ် ရွာသွန်းစေခဲ့တာ ဖြစ်ပါတယ်။

The best camera drones for aerial photography and video | Digital Camera  World

မိုးလေဝသရေဒါနဲ့ ခန့်မှန်းတွက်ချက်မှုပုံစံတွေအရ အဲဒီ မျိုးစေ့ချမှုကနေ မိုးရေဂါလန် ၁၈ ဒသမ ၈ သန်း (၇၁,၀၀၀ ကုဗမီတာ) ခန့် ရရှိခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။ Rainmaker ကုမ္ပဏီကတော့ ဒါဟာ အစမ်းသဘော အောင်မြင်မှုတစ်ခုဖြစ်ပြီး ထပ်မံစမ်းသပ်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒီနည်းပညာကိုသာ ပုံမှန်အသုံးပြုနိုင်မယ်ဆိုရင် ရေရှားပါးမှုပြဿနာကို ရင်ဆိုင်နေရတဲ့ ဒေသတွေအတွက် ရေရရှိမှု ပိုမိုတိုးတက်လာစေဖို့ အထောက်အကူဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။

Ref : Technology Innovation