ဘရာဇီးနိုင်ငံက အုတ်စီသမား Edimar Martins ဟာ လူမှုကွန်ရက်ပေါ်မှာ ၂၀၂၀ ခုနှစ်ကတည်းက တွေ့ခဲ့တဲ့ Jéssica Oliveira ဆိုသူနဲ့ ချစ်ကြိုက်နေခဲ့ပါတယ်။ သူမကို အနာဂတ်ဇနီးအဖြစ် ယုံကြည်ခဲ့တဲ့ Martins ဟာ တွေ့ဆုံဖို့အတွက် ပိုင်ဆိုင်မှုအားလုံး ရောင်းချပြီး Maranhão ပြည်နယ်ကနေ Belo Horizonte မြို့အထိ မိုင် ၁,၂၀၀ ကျော် ဘတ်စ်ကားနဲ့ ခရီးထွက်ခဲ့ပါတယ်။

ဒါပေမယ့် Belo Horizonte ကို ရောက်တဲ့အခါ သူရှာဖွေနေတဲ့ မိန်းကလေးဟာ တကယ်ရှိတဲ့သူမဟုတ်ဘဲ AI နည်းပညာနဲ့ ဖန်တီးထားတဲ့ အွန်လိုင်းဇာတ်ကောင်ဖြစ်နေမှန်း သိလိုက်ရပါတယ်။ အဲဒီအကောင့်မှာ Jéssica ဟာ လယ်ယာမှာ အတူနေပြီး ဘဝတစ်လျှောက်လုံး အလုပ်မလုပ်ဘဲ ထောက်ပံ့နိုင်မယ့် အမျိုးသားတစ်ယောက်ကို ရှာနေတယ်လို့ ဗီဒီယိုတွေ တင်ထားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အကောင့်ကို ကိုင်တွယ်သူက အဲဒီဇာတ်ကောင်ဟာ AI ဖန်တီးထားတာဖြစ်ပြီး Martins နဲ့ တိုက်ရိုက်စကားမပြောခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။

ငွေကုန်သွားတဲ့ Martins ဟာ Belo Horizonte မြို့တော်ရုံးကို သွားပြီး လူမှုဝန်ထမ်းတွေဆီ အကူအညီတောင်းကာ အိမ်ပြန်နိုင်ခဲ့ပါတယ်။ သူက ဒီဖြစ်ရပ်ကြောင့် ဝမ်းနည်းစိတ်ပျက်ခဲ့ပေမယ့် အထီးကျန်မှုကြောင့် ချစ်သူရှာဖွေခဲ့တာလို့ ပြောပါတယ်။ သို့သော် အတွေ့အကြုံဆိုးကြုံခဲ့ရပေမယ့် နောက်တစ်ကြိမ် Belo Horizonte ကို ပြန်သွားပြီး တကယ့်လူတစ်ယောက်နဲ့ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ထားတယ်လို့လည်း ဆိုပါတယ်။
Ref : nypost





