ကယ်လီဖိုးနီးယား အခြေစိုက် Radical Numerics ကုမ္ပဏီက AI နည်းပညာနဲ့ ဖန်တီးထားတဲ့ Omnii-1 လို့ အမည်ပေးထားတဲ့ ဗိုင်းရပ်စ်ကို လူနာတစ်ဦးမှာ ပထမဆုံးအကြိမ် ထိုးနှံကုသပေးခဲ့ပါတယ်။ ဒီကုသမှုဟာ ပဋိဇီဝဆေးယဉ်ပါးနေတဲ့ ရောဂါပိုးဝင်ခြင်းကို ကုသဖို့ အရေးပေါ်အခြေအနေအရ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

 

ပဋိဇီဝဆေးယဉ်ပါးတဲ့ ဘက်တီးရီးယားတွေကြောင့် ၂၀၅၀ ခုနှစ်မှာ လူသန်း ၄၀ နီးပါး သေဆုံးနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အရင်က ရောဂါပိုးနဲ့ ကိုက်ညီတဲ့ ဗိုင်းရပ်စ်ကို ရှာဖွေဖို့ အချိန်အများကြီး ယူရပေမယ့် ယခုအခါမှာတော့ Radical Numerics ရဲ့ AI နည်းပညာက လူနာရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် ဗိုင်းရပ်စ်တွေကို အချိန်တိုအတွင်းမှာ အလွယ်တကူ ဖန်တီးပေးနိုင်ပါတယ်။

 

အဲဒီ AI နဲ့ ဖန်တီးထားတဲ့ ဗိုင်းရပ်စ်တွေဟာ အူလမ်းကြောင်းမှာရှိတဲ့ အကျိုးပြု ဘက်တီးရီးယားတွေကို မထိခိုက်စေဘဲ ပစ်မှတ်ထားလိုတဲ့ ရောဂါပိုးတွေကိုသာ တိတိကျကျ ရွေးချယ်တိုက်ခိုက်နိုင်ပါတယ်။ ဒီကုသမှုသာ အောင်မြင်ခဲ့ရင် AI နည်းပညာကို အသုံးပြုပြီး လူနာတစ်ဦးချင်းစီအတွက် သီးသန့်ကုသပေးနိုင်မယ့် ဆေးပညာနယ်ပယ်မှာ ကြီးမားတဲ့ တိုးတက်မှုတစ်ရပ် ဖြစ်လာမှာပဲ ဖြစ်ပါတယ်။

Ref : independent