အိမ်မှာထိုင်ရင်း အသံနဲ့အမိန့်ပေးရုံနဲ့ တီဗီကိုပါ ထိန်းချုပ်လို့ရမယ့် Apple TV 4K အသစ်တစ်လုံး ထွက်ရှိလာပါပြီ။ ရီမုတ်ကိုင်စရာမလိုတော့ဘဲ ကိုယ်ပြောတဲ့စကားသံအတိုင်း ရုပ်ရှင်တွေ ရှာပေးနိုင်တဲ့အပြင် တီဗီအသံကျယ်ကျယ်နဲ့ ဖွင့်ထားချိန်မှာတောင် အသံအမိန့်ပေးချက်တွေကို အကောင်းဆုံး ဖမ်းယူပေးနိုင်မယ့် မိုက်ခရိုဖုန်း ၃ ခုကို ထည့်သွင်းပေးထားပါတယ်။

စွမ်းဆောင်ရည်ပိုင်းမှာလည်း Wi-Fi 7 နဲ့ Bluetooth 6 တို့အပြင် ပိုမိုထက်မြက်လာတဲ့ Siri AI Feature တွေကိုပါ ပံ့ပိုးပေးထားပါတယ်။ အဲဒီအပြင် ပျောက်သွားတတ်တဲ့ ရီမုတ်ကို အလွယ်တကူ ရှာဖွေနိုင်မယ့် Find My စနစ်ကိုပါ ထည့်သွင်းပေးထားပြီး အမေရိကန်ဒေါ်လာ ၂၉၉ ကျသင့်မှာ ဖြစ်ပါတယ်။

အဲဒီ Apple TV 4K အသစ်ကို အောက်တိုဘာ ၁၃ ရက်နေ့ကတည်းက ကြိုတင်မှာယူနိုင်ပြီး နိုဝင်ဘာ ၁၃ ရက်နေ့မှာ စတင်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ Siri AI ရဲ့ Feature အသစ်တွေကိုတော့ အင်္ဂလိပ်ဘာသာစကားနဲ့ အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ အိန္ဒိယနိုင်ငံတွေ အပါအဝင် ဈေးကွက် ၈ ခုမှာ စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Ref : Technology Innovation




