တရုတ်စက်ရုပ်ကုမ္ပဏီ ACE Robotics က ဟိုတယ်အဝတ်လျှော်လုပ်ငန်းတွေဖြစ်တဲ့ အဝတ်ကောက်ယူတာကနေ အဝတ်လျှော်စက်နဲ့ အခြောက်ခံစက်တွေ မောင်းနှင်တာအထိ လုပ်ဆောင်နိုင်တဲ့ စက်ရုပ်တစ်ရုပ်ကို ပြသခဲ့ပါတယ်။ သူတို့ရဲ့ စနစ်က အလုပ်အသစ်တွေကို သင်ယူနိုင်ပြီး ထပ်ခါတလဲလဲ လေ့ကျင့်တာကနေတစ်ဆင့် ပိုမိုတိုးတက်လာနိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

 

စမ်းသပ်မှုတွေ လုပ်ဆောင်ရာမှာ အဲဒီစက်ရုပ်က လုပ်ဆောင်ချက်အသစ်တစ်ခုကို သင်ယူဖို့ မိနစ် ၃၀ ခန့် အချိန်ယူခဲ့ရပါတယ်။ အလုပ်တစ်ခုကို သင်ယူပြီး မှတ်သားထားပြီးတာနဲ့ အဲဒီလုပ်ဆောင်ချက်ကို ၁၈.၆ စက္ကန့်အတွင်း ပြန်လည်လုပ်ဆောင်နိုင်ပါတယ်။ စနစ်အနေနဲ့ အဝတ်လျှော်လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းအမျိုးမျိုးကို စီမံခန့်ခွဲဖို့ အခြေခံလုပ်ဆောင်ချက် ၅၃ ခုကို ပိုမိုကြီးမားတဲ့ အဆင့် ၁၄ ဆင့်အဖြစ်လည်း စုစည်းပေးနိုင်ပါတယ်။

 

အခြောက်ခံစက်တွေထဲကနေ အဝတ်အစားတွေ ဖယ်ရှားတဲ့ လုပ်ငန်းစဉ်ကို အဓိကထားပြီး လက်တွေ့စမ်းသပ်မှု ၁၆၅ ခု လုပ်ဆောင်ခဲ့ရာမှာ ကျန်ရစ်ခဲ့တဲ့ အဝတ်အစား ပျမ်းမျှပမာဏက ၄၈ ရာခိုင်နှုန်းကနေ ၃၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး အကောင်းဆုံးရလဒ်ကတော့ ၁၉ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အဲဒီနည်းပညာကို ဟိုတယ်တွေမှာ လူတွေရဲ့ ပါဝင်ပတ်သက်မှု လျှော့ချပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို စက်ရုပ်တွေက ကူညီလုပ်ဆောင်ပေးနိုင်ဖို့ ရည်ရွယ်ဖန်တီးထားတာ ဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ (မှတ်ချက် - ၁၈.၆ စက္ကန့်ဆိုတာက အဝတ်လျှော်လုပ်ငန်းစဉ်တစ်ခုလုံးအတွက် မဟုတ်ဘဲ သင်ယူထားတဲ့ လုပ်ဆောင်ချက်တစ်ခုအတွက်သာ ဖြစ်ပါတယ်)

Ref : Technology Innovation