လက်ရှိ တစ်ကမ္ဘာလုံးမှာ လျှပ်စစ်ကားတွေက နေ့စဉ် ရေနံစည်ပေါင်း ၁.၂ သန်းခန့်ကို သက်သာစေပြီး ၂၀၂၁ ခုနှစ်ကထက် ၅ ဆ ပိုများလာပါတယ်။

အဲဒီကိန်းဂဏန်းတွေက ဥရောပ သန့်ရှင်းတဲ့ သယ်ယူပို့ဆောင်ရေးအဖွဲ့အစည်းဖြစ်တဲ့ Transport & Environment (T&E) က ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာသစ်ကနေ ရရှိတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှာ လျှပ်စစ်ကားတွေက နေ့စဉ် ရေနံစည်ပေါင်း ၂၁၅,၀၀၀ ခန့် အသုံးပြုမှုကို သက်သာစေနိုင်ခဲ့တယ်လို့ အဲဒီအစီရင်ခံစာမှာ ခန့်မှန်းထားပြီး အခုအခါမှာတော့ နေ့စဉ် ရေနံစည်ပေါင်း ၁.၂ သန်းအထိ ရောက်ရှိလာခဲ့ပါတယ်။

ဘက်ထရီသုံး လျှပ်စစ်ကားတွေဟာ လက်ရှိ ကမ္ဘာတစ်ဝန်း လမ်းပေါ်မှာပြေးဆွဲနေတဲ့ ကားအားလုံးရဲ့ ၄.၂ ရာခိုင်နှုန်းခန့်သာ ရှိပေမယ့် ကားသစ်ရောင်းချရမှုရဲ့ ၂၅ ရာခိုင်နှုန်းခန့်ကို ရယူထားပါတယ်။ အဲဒီကားတွေဟာ နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန် သန်း ၂၀၀ ကျော်ကို တားဆီးပေးနိုင်တယ်လို့လည်း အစီရင်ခံစာက ခန့်မှန်းထားပါတယ်။
လျှပ်စစ်ဘတ်စ်ကားတွေနဲ့ ထရပ်ကားတွေက နေ့စဉ် ခန့်မှန်းခြေ ရေနံစည်ပေါင်း ၃၂၀,၀၀၀ ကို ထပ်မံ ရှောင်ရှားနိုင်တဲ့အတွက် ပိုပြီးတော့တောင် သက်သာစေပါတယ်။ T&E ရဲ့ ခန့်မှန်းချက်အရ လက်ရှိတိုးတက်မှုနှုန်းအတိုင်း ဆက်သွားမယ်ဆိုရင် ၂၀၃၄ ခုနှစ်မှာ လျှပ်စစ်ကားတွေက နေ့စဉ် ရေနံစည်ပေါင်း ၅.၈ သန်းခန့်ကို သက်သာစေနိုင်မယ်လို့ သိရပါတယ်။
Ref : Technology Innovation





