အာကာသနည်းပညာလောကကို ထပ်မံအံ့အားသင့်စေမယ့် သတင်းတစ်ခုကို အီလွန်မတ်စ်က ကြေညာလိုက်ပါတယ်။ လာမယ့် နိုဝင်ဘာလမှာ ပြုလုပ်ဖို့ ရည်မှန်းထားတဲ့ Starship Flight 15 စမ်းသပ်ပျံသန်းမှုမှာ SpaceX အနေနဲ့ သူတို့ရဲ့ ဧရာမ Starship ဒုံးပျံကြီးရဲ့ အဆင့်နှစ်ခုလုံးကို လေထဲမှာတင် ဖမ်းယူဖို့ ပထမဆုံးအကြိမ် ကြိုးစားသွားမှာ ဖြစ်ပါတယ်။

 

ဒီအစီအစဉ်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ SpaceX ရဲ့ ဝင်ငွေရှင်းလင်းပွဲမှာ အီလွန်မတ်စ် ကိုယ်တိုင် စိတ်လှုပ်ရှားဖွယ် ထုတ်ဖော်ပြောကြားခဲ့တာပါ။

 

အရင်က လွှတ်တင်ရေးစင်ကြီးမှာရှိတဲ့ ဧရာမစက်ရုပ်လက်တံကြီးတွေနဲ့ Super Heavy ဒုံးပျံကို အောင်မြင်စွာ ဖမ်းယူပြနိုင်ခဲ့ပေမယ့် အခုတစ်ခါမှာတော့ Starship ရဲ့ အပေါ်ပိုင်းအဆင့်ကိုပါ ပထမဆုံးအကြိမ် ထပ်မံဖမ်းယူဖို့ စိန်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။

ဒီစမ်းသပ်မှုကြီး ရာနှုန်းပြည့် အောင်မြင်မယ်လို့ အာမမခံနိုင်ပေမယ့် တကယ်လို့သာ အောင်မြင်ခဲ့မယ်ဆိုရင် လူ့ယဉ်ကျေးမှုနဲ့ အသိဉာဏ်သမိုင်းမှာ အလွန်နက်နဲတဲ့ နည်းပညာမှတ်တိုင်သစ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ မတ်စ်က ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုထားပါတယ်။

Ref : Space and Technology