ကမ္ဘာ့အကြီးဆုံး ခရစ်ပတိုငွေကြေးရောင်းဝယ်ရေး ပလက်ဖောင်းဖြစ်တဲ့ Binance ကနေ မြောက်ကိုရီးယား ဟက်ကာတွေက ခန့်မှန်းခြေ ကန်ဒေါ်လာ ၆ ဒသမ ၃၆ ဘီလီယံ ခိုးယူသွားပါတယ်လို့ အမေရိကန် ဘလော့ချိန်း ထောက်လှမ်းရေးကုမ္ပဏီ TRM Labs က ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို မြောက်ကိုရီးယား ဟက်ကာအဖွဲ့ TraderTraitor က ပြုလုပ်ခဲ့တာဖြစ်ပြီး ငွေကြေးအများစုကို မိနစ် ၂၀ အတွင်းမှာပဲ ခိုးယူသွားတာ ဖြစ်ပါတယ်။

 

ခိုးယူခံရတဲ့ ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံကို ကုမ္ပဏီတွေနဲ့ အော်ပရေတာတွေ ပူးပေါင်းပြီး ထိန်းချုပ်နိုင်ခဲ့ပေမယ့် ဟက်ကာတွေရဲ့ လက်ထဲမှာ ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံတန်ဖိုးရှိတဲ့ Bitcoin နဲ့ Ethereum တွေ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ ဟက်ကာတွေက အဲဒီ ငွေတွေကို တခြားကွန်ရက်တွေနဲ့ ပလက်ဖောင်းတွေဆီ ပြောင်းရွှေ့ပြီး ငွေကြေးခဝါချဖို့ ကြိုးစားနိုင်တယ်လို့လည်း ကုမ္ပဏီက သတိပေးထားပါတယ်။

 

Binance ရဲ့ တွဲဖက်စီအီးအို Richard Teng ကတော့ ဆုံးရှုံးသွားတဲ့ ပိုင်ဆိုင်မှုတွေအတွက် ကုမ္ပဏီရန်ပုံငွေနဲ့ အပြည့်အဝ တာဝန်ယူသွားမှာဖြစ်လို့ သုံးစွဲသူတွေရဲ့ ပိုင်ဆိုင်မှုတွေ လုံခြုံပါတယ်လို့ ပြောကြားထားပါတယ်။ အမေရိကန် FBI နဲ့ သမ္မတ ဒေါ်နယ်ထရမ့်တို့ကလည်း ဒီဖြစ်စဉ်ကို သိရှိထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Ref : koreaherald