UK က ဆိုက်ဘာလုံခြုံရေး ပညာရှင်တွေက ကမ္ဘာတစ်ဝှမ်းက ကုမ္ပဏီပေါင်း ၁၇၈ ခုမှာ အသုံးပြုနေတဲ့ ဆော့ဖ်ဝဲလ်တစ်ခုထဲမှာ malware ကုဒ်တစ်ခု ဖုံးကွယ်ပါဝင်နေတာကို တွေ့ရှိခဲ့ပါတယ်။ အဲဒီ ဆိုက်ဘာတိုက်ခိုက်မှုမှာ UK က TalkTalk၊ HSBC၊ BBC တို့အပြင် US က Fox News နဲ့ CNN တို့လို နာမည်ကြီး အဖွဲ့အစည်းတွေလည်း ပါဝင်နေပါတယ်။

 

Optimizely လို့ခေါ်တဲ့ ဝန်ဆောင်မှုကနေတစ်ဆင့် အွန်လိုင်းစာမျက်နှာတွေမှာ ဖြည့်သွင်းတဲ့ ငွေပေးချေမှုကတ် အချက်အလက်တွေနဲ့ cryptocurrency တွေကို ခိုးယူဖို့ ဒီ malware ကို ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲဒီ malware ဟာ Apple ရဲ့ iOS စနစ်သုံး iPhone နဲ့ iPad တွေဆီကိုလည်း ထိုးဖောက်ဝင်ရောက်နိုင်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိ ငွေကြေးဆုံးရှုံးမှု ပမာဏ အတိအကျကို မသိရသေးပေမယ့် ခိုးယူခံရတဲ့ အချက်အလက်တွေကို မှောင်ခိုဈေးကွက်မှာ ပြန်လည်ရောင်းချနိုင်ခြေ ရှိနေပါတယ်။

 

ဒါကြောင့် iPhone နဲ့ iPad အသုံးပြုသူတွေ အနေနဲ့ အဲဒီလို ထိခိုက်မှုရှိတဲ့ ဝဘ်ဆိုက်တွေကို ဝင်ရောက်ကြည့်ရှုမိတယ်လို့ သံသယရှိရင် မိမိတို့ရဲ့ စက်တွေမှာ လုံခြုံရေးဆိုင်ရာ update တွေကို ချက်ချင်းပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် မိမိတို့ရဲ့ ဘဏ်စာရင်းတွေကနေ မသင်္ကာစရာ ငွေလွှဲပြောင်းမှုတွေ ရှိမရှိ စစ်ဆေးဖို့နဲ့ မကြာသေးခင်က cryptocurrency လွှဲပြောင်းထားတာရှိရင်လည်း သေချာမှုရှိအောင် စစ်ဆေးဖို့ ပညာရှင်တွေက အကြံပြုထားပါတယ်။

Ref : ladbible