iPhone Duo ဖုန်းရဲ့ Hinge နဲ့ အတွင်းဘက် မျက်နှာပြင် ပျက်စီးတဲ့ ပြဿနာတွေ အများအပြား ထွက်ပေါ်နေပါတယ်။ Apple က အဲဒီ ပြဿနာကို ဝန်ခံထားပြီး အရေအတွက် နည်းပါးတဲ့ ဖုန်းတွေမှာသာ ဖြစ်ပွားတာဖြစ်လို့ အစားထိုးလဲလှယ်ပေးသွားမယ်လို့ ကြေညာထားပါတယ်။

ဒါပေမဲ့ တရုတ်သတင်းဌာန Jiemian News ရဲ့ ဖော်ပြချက်အရ Apple က ပိတ်ရက်ရှည် ကာလမတိုင်မီ ဖုန်းအလုံးရေ ၇ ဒသမ ၅ သန်း ရောင်းချနိုင်ဖို့အတွက် အရည်အသွေးစစ်ဆေးမှု စံနှုန်းတွေကို လျှော့ချခဲ့တယ်လို့ သိရပါတယ်။ Foxconn ဝန်ထမ်းတစ်ဦးရဲ့ ပြောကြားချက်အရ အစိတ်အပိုင်းတချို့ကို အစားထိုးခဲ့ပေမယ့် အရည်အသွေးထိန်းချုပ်မှု စံနှုန်းတွေကိုတော့ ပြောင်းလဲခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

YouTuber CuriousHagi ရဲ့ ဗီဒီယိုအရ ဒီပြဿနာတွေရဲ့ အဓိက တရားခံက အတွင်းပိုင်း Hinge စနစ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီ အစိတ်အပိုင်းက အခြား အစိတ်အပိုင်းတွေထက် ပိုပါးလွှာနေပြီး အပေါ်ဘက် ထောက်တိုင်ပြားနဲ့ ထိမိချိန်မှာ အက်ကွဲသံတွေ ထွက်ပေါ်လာတာဖြစ်တယ်လို့ တွေ့ရှိရပါတယ်။
Ref : gsmarena



