သောကြာနေ့က စတင်ရောင်းချခဲ့တဲ့ iPhone Duo ဖုန်းတွေရဲ့ အတွင်းမျက်နှာပြင်တွေဟာ အလိုအလျောက် အက်ကွဲပျက်စီးနေတယ်လို့ ဖုန်းပိုင်ရှင်တွေက ပြောကြားနေပါတယ်။

အဲဒီအက်ကွဲမှုတွေဟာ ပတ္တာရဲ့ အလယ်ဗဟိုမျဉ်းတစ်လျှောက်မှာ ဖြစ်ပေါ်လေ့ရှိပြီး မျက်နှာပြင်ပေါ်မှာ အဖြူရောင်ပစ်ဇယ်တွေ ပေါ်လာလေ့ရှိပါတယ်။ ဒီပြဿနာဟာ ဖုန်းစတင်အသုံးပြုချိန်မှာတင် ဖြစ်ပေါ်တတ်တယ်လို့ သိရပါတယ်။

 

အဲဒီပြဿနာနဲ့ ပတ်သက်ပြီး Apple Store ကနေ ဝယ်ယူသူတွေကတော့ ဖုန်းအသစ်ချက်ချင်း လဲလှယ်ခွင့်ရပေမယ့် ပြင်ပဆက်သွယ်ရေးအော်ပရေတာတွေဆီက ဝယ်ယူသူတွေကတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ပြင်ပဆိုင်တွေက ဒီပျက်စီးမှုဟာ သုံးစွဲသူတွေရဲ့ ပေါ့ဆမှုကြောင့်လို့ဆိုပြီး ပြင်ဆင်စရိတ် တောင်းခံတာတွေ ရှိနေပါတယ်။ လောလောဆယ်မှာတော့ အင်တာနက်ပေါ်မှာ ဒီလိုဖြစ်ရပ်မျိုး ၁၀ ခုဝန်းကျင်လောက် တွေ့ရှိထားရပါတယ်။

 

ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့ ပတ္တာအစိတ်အပိုင်း ချို့ယွင်းနေတာကြောင့်လို့ ခန့်မှန်းရပါတယ်။ ပတ္တာအစိတ်အပိုင်းတစ်ခုက နေရာလွဲချော်ပြီး အတွင်းမျက်နှာပြင်ကို ထိခိုက်မိတာဖြစ်နိုင်ပါတယ်။

Apple ဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ချက် တစ်စုံတစ်ရာ မပေးသေးပါဘူး။ ဖုန်းအလုံးရေ သန်းနဲ့ချီ ရောင်းချထားပြီးဖြစ်တဲ့အတွက် အခုလိုဖြစ်ရပ်ဟာ အရေအတွက်နည်းပါးသေးတယ်လို့ ဆိုနိုင်ပါတယ်။

Ref: 9to5mac