တရုတ်နိုင်ငံ Fujian Agriculture and Forestry University က သုတေသီတွေဟာ ကြာရိုး၊ ရေနဲ့ အထူးဘက်တီးရီးယားတွေကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်တဲ့ နည်းလမ်းသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သုတေသနအဖွဲ့ဟာ ကြာရိုးတွေရဲ့ အတွင်းပိုင်းမှာရှိတဲ့ သဘာဝလမ်းကြောင်းတွေကို အသုံးပြုပြီး အသေးစား လျှပ်စစ်ထုတ်စက် ၂၅၆ ခုကို တည်ဆောက်ခဲ့ကြပါတယ်။ ကြာရိုးတွေထဲကနေ ရေတွေဖြတ်သန်းစီးဆင်းပြီး အငွေ့ပျံသွားတဲ့အခါ လျှပ်စစ်ဓာတ်အား ပမာဏ အနည်းငယ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဓာတ်ခွဲခန်း စမ်းသပ်မှုတွေအရ လျှပ်စစ်ထုတ်စက် တစ်ခုချင်းစီဟာ ၁ ဒသမ ၄၈ ဗို့ ထုတ်လုပ်နိုင်ပြီး ရက်ပေါင်း ၃၀ ကျော်ကြာ ဆက်တိုက် လျှပ်စစ်ဓာတ်အား ထုတ်ပေးနိုင်ခဲ့ပါတယ်။ သုတေသီတွေဟာ စွမ်းအင်ပိုမိုရရှိဖို့အတွက် အဲဒီစက် ၂၅၆ ခုလုံးကို ၁၆x၁၆ ပုံစံနဲ့ ချိတ်ဆက်ခဲ့ကြပါတယ်။ အဲဒီလို ချိတ်ဆက်လိုက်တဲ့ စနစ်ကြီးဟာ စမတ်ဖုန်း အပါအဝင် သယ်ဆောင်ရလွယ်ကူတဲ့ အီလက်ထရွန်နစ် ပစ္စည်းတွေကို မောင်းနှင်အသုံးပြုနိုင်ခဲ့ပါတယ်။

အဲဒီနည်းပညာဟာ နောက်ပိုင်းမှာ လျှပ်စစ်မီးရရှိဖို့ ခက်ခဲတဲ့ နေရာတွေမှာ အသေးစား စက်ပစ္စည်းတွေနဲ့ ဆင်ဆာတွေကို စွမ်းအင်ပေးဖို့အတွက် အသုံးဝင်လာနိုင်ပါတယ်။ အဲဒီလေ့လာမှုကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်မှာ Device ဂျာနယ်မှာ ထုတ်ဝေဖော်ပြခဲ့ပါတယ်။
Ref : Technology Innovation





