AI အသုံးပြုမှု မြင့်တက်လာချိန်မှာ ကုန်ကျစရိတ်တွေ လျှော့ချဖို့အတွက် Microsoft က ဝန်ထမ်း ၆၀,၀၀၀ ကို အလုပ်ထွက်ခွင့်ပေးမယ့် အစီအစဉ်ကို ကမ်းလှမ်းလိုက်ပါတယ်။ အဲဒီ လုပ်ရပ်က နည်းပညာကုမ္ပဏီတွေနဲ့ လုပ်ငန်းခွင်တွေမှာ AI က ဘယ်လောက်အထိ လွှမ်းမိုးနေလဲဆိုတာကို ပြသနေတဲ့ နောက်ဆုံးသက်သေပဲ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလမှာလည်း အမေရိကန်မှာရှိတဲ့ ဝန်ထမ်း ၇ ရာခိုင်နှုန်းကို အလိုအလျောက် အနားယူခွင့် ကမ်းလှမ်းခဲ့ပါသေးတယ်။ အခု အစီအစဉ်မှာ Xbox ၊ Windows နဲ့ AI tool ဖြစ်တဲ့ Copilot စတဲ့ ဌာနတွေ ပါဝင်မှာ ဖြစ်ပြီး cybersecurity ၊ datacenters နဲ့ marketing ဌာနတွေက ဝန်ထမ်းတွေတော့ အကျုံးဝင်မှာ မဟုတ်ပါဘူး။ အဲဒီ ကမ်းလှမ်းချက်က ကုမ္ပဏီပြင်ပမှာ အနာဂတ်ကို စဉ်းစားနေတဲ့ ဝန်ထမ်းတွေအတွက် အထောက်အပံ့တွေနဲ့အတူ အပြောင်းအလဲလုပ်ဖို့ အခွင့်အလမ်းသစ်တစ်ခု ဖြစ်တယ်လို့ Microsoft ရဲ့ အမှုဆောင်ဒုတိယဥက္ကဋ္ဌ Amy Coleman က ပြောပါတယ်။

 

AI ကြောင့် အလုပ်ဖြုတ်ရတဲ့ ကိစ္စက Microsoft တစ်ခုတည်း မဟုတ်ဘဲ Meta ၊ Amazon နဲ့ Oracle စတဲ့ တခြား နည်းပညာကုမ္ပဏီကြီးတွေမှာလည်း ဖြစ်ပေါ်နေပါတယ်။ ဒါပေမဲ့ အဲဒီလို ဝန်ထမ်းတွေ လျှော့ချတာက လုပ်ငန်းစွမ်းဆောင်ရည်ကို တကယ်တိုးတက်စေသလား ဆိုတာကတော့ မသေချာသေးပါဘူး။ စစ်တမ်းတစ်ခုအရ ကမ္ဘာတစ်ဝန်းက အဆင့်မြင့်အရာရှိ ၉၀ ရာခိုင်နှုန်းက AI ဟာ ကုမ္ပဏီတွေရဲ့ ကုန်ထုတ်စွမ်းအားကို တိုးတက်စေခြင်း မရှိသေးဘူးလို့ ဖြေဆိုထားကြပါတယ်။

Ref : the guardian