California ပြည်နယ်၊ Solano County ရဲ့ Interstate 80 လမ်းမကြီးပေါ်မှာ အောက်တိုဘာလ ၂၂ ရက်နေ့က Full Self-Driving စနစ်နဲ့ မောင်းနှင်နေတဲ့ Tesla ကားတစ်စီးက လမ်းဖြတ်ကူးတဲ့ အသက် ၇၁ နှစ်အရွယ် Domingo Gonzales ကို တိုက်မိခဲ့လို့ သေဆုံးသွားခဲ့ပါတယ်။ Tesla ယာဉ်မောင်းဖြစ်တဲ့ San Francisco က အသက် ၂၆ နှစ်အရွယ် အမျိုးသားကတော့ ရဲတပ်ဖွဲ့ကို ပူးပေါင်းကူညီမှုတွေ လုပ်ဆောင်ပေးနေပါတယ်။

 

ကားမှာ တပ်ဆင်ထားတဲ့ Dashcam ဗီဒီယို မှတ်တမ်းတွေအရ Tesla ကားဟာ တစ်နာရီ မိုင် ၇၀ နှုန်းနဲ့ မောင်းနှင်နေချိန်မှာ ညာဘက်လမ်းဘေးကနေ ဖြတ်ကူးလာတဲ့ လမ်းသွားလမ်းလာကို ရှောင်တိမ်းဖို့ ဘရိတ်အုပ်ပြီး ဘယ်ဘက်ကို ကွေ့ရှောင်ခဲ့ပေမယ့် ညာဘက်ရှေ့ပိုင်းနဲ့ တိုက်မိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် လမ်းပေါ်လဲကျနေတဲ့သူကို နောက်ထပ်ကားတစ်စီးက ထပ်မံတိုက်သွားခဲ့ပြီး အဲဒီကားကတော့ မောင်းနှင်ထွက်ပြေးသွားခဲ့ပါတယ်။

 

လက်ရှိအချိန်မှာ Tesla ယာဉ်မောင်းကို ဖမ်းဆီးအရေးယူထားတာမျိုး မရှိသေးပေမယ့် ပေါ့ဆမှုရှိတယ်လို့ စစ်ဆေးတွေ့ရှိရရင်တော့ တရားစွဲဆိုခံရနိုင်ပါတယ်။ ဒီဖြစ်စဉ်ဟာ အောက်တိုဘာလမှာ Interstate 80 လမ်းမကြီးပေါ်မှာ Tesla ရဲ့ Full Self-Driving စနစ်ကြောင့် ဒုတိယမြောက်ဖြစ်ပွားတဲ့ ယာဉ်တိုက်မှုလည်း ဖြစ်ပါတယ်။

Ref : People