ယနေ့ခေတ်မှာ မိုဘိုင်းဖုန်းတွေဟာ ကျွန်တော်တို့ နေ့စဉ်ဘဝရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ ဒါပေမဲ့ ညဘက် အလင်းရောင်မရှိတဲ့ အမှောင်ထဲမှာ ဖုန်းသုံးတာဟာ မျက်စိကျန်းမာရေးကို တိတ်တဆိတ် ထိခိုက်စေနေတယ်ဆိုတာ လူအနည်းငယ်သာ သတိထားမိကြပါတယ်။

အဲဒီလို အလေ့အကျင့်ဟာ မျက်စိညောင်းညာတာနဲ့ ရေရှည်အမြင်အာရုံ ထိခိုက်တာတွေအထိ ပြင်းထန်တဲ့ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ ပိုပြီး အန္တရာယ်ရှိနိုင်တဲ့အတွက် မျက်စိကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

 

အမှောင်ထဲမှာ ဖုန်းသုံးခြင်းကြောင့် မျက်စိထိခိုက်စေနိုင်တဲ့ ဆိုးကျိုးတွေ

 

1. မျက်စိယားယံတာ၊ မျက်စိခြောက်သွေ့တာနဲ့ မျက်ရည်ကျတာတွေ ဖြစ်နိုင်ပါတယ်။

2. မျက်စိညောင်းညာတာနဲ့ ခေါင်းကိုက်တာတွေ ဖြစ်စေနိုင်ပါတယ်။

3. အမြင်အာရုံ ဝေဝါးတာ၊ အမြင်အာရုံချို့တဲ့တာ ဒါမှမဟုတ် အဝေးမှုန်တာတွေ မြန်မြန်ဆန်ဆန် ပိုဆိုးလာနိုင်ပါတယ်။

4. ရေတိမ်ရောဂါ ဖြစ်နိုင်ချေ ရှိပါတယ်။

5. အမြင်အာရုံကြော ထိခိုက်ပြီး အမြင်အာရုံ ပိုမို ဝေဝါးလာနိုင်ပါတယ်။

6. မျက်စိကွယ်နိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်။

7. ခန္ဓာကိုယ်အပေါ် ဆိုးကျိုးအနေနဲ့ လည်ပင်းကွေးတာနဲ့ မမှန်ကန်တဲ့ အနေအထားနဲ့ ဘေးစောင်းအိပ်တာတွေ ဖြစ်စေပါတယ်။

 

အမှောင်ထဲမှာ ဖုန်းသုံးခြင်းရဲ့ အန္တရာယ်ကနေ ရှောင်ရှားနိုင်မယ့် နည်းလမ်း ၅ သွယ်

 

1. အိပ်ရေးဝဝအိပ်ပါ။ ၆ နာရီကနေ ၈ နာရီအထိ အိပ်စက်သင့်ပါတယ်။

2. မျက်စိစိုစွတ်နေစေဖို့ ရေကို မကြာခဏ သောက်ပေးပါ၊ ဒါမှမဟုတ် မျက်စိအရမ်းခြောက်သွေ့နေတယ်ဆိုရင် မျက်စဉ်းရည်ကို အသုံးပြုနိုင်ပါတယ်။

3. အခန်းတွင်းမှာ အလင်းရောင် လုံလုံလောက်လောက် ဖွင့်ထားသင့်ပါတယ်။

4. မျက်နှာကြက်မီးကနေ အလင်းရောင်မရနိုင်တဲ့အတွက် ပက်လက်လှန်ပြီး ဖုန်းမသုံးသင့်ပါဘူး။ ဘေးစောင်းအိပ်ပြီး ဖုန်းသုံးတာကလည်း မျက်စိကို ပုံမှန်ထက် ပိုပြီး အားစိုက်ရစေပါတယ်။

5. ဖုန်းစခရင်ကို အချိန်အကြာကြီး စိုက်မကြည့်သင့်ပါဘူး။ မိနစ် ၂၀ ကနေ ၃၀ အကြာတိုင်း မျက်စိကို အနားပေးသင့်ပါတယ်။

Ref : Khaosod