AI နည်ပညာ မြန်မြန်ဆန်ဆန် တိုးတက်လာမှုနဲ့အတူ လူသားမျိုးနွယ် သေကျေပျက်စီးသွားနိုင်သလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ ကုမ္ပဏီတွေဘက်က တာဝန်ယူမှုရှိရှိနဲ့ စနစ်တကျ ဆောင်ရွက်သွားမယ်ဆိုရင် အဲဒီလို ဖြစ်လာစရာ မရှိဘူးလို့ Meta စီအီးအို Mark Zuckerberg  က NBC News နဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

Zuckerberg Leads AI Recruitment Blitz Armed With $100 Million Pay Packages  - WSJ

နည်းပညာ ထိန်းချုပ်ရေးအတွက် လုပ်ငန်းခွင်ဆိုင်ရာ ဘုံသဘောတူညီချက်တွေ ပြုလုပ်ပြီး စည်းကမ်းတင်းကြပ်တာမျိုးက သုတေသနပြုမှုတွေကို နှေးကွေးသွားစေနိုင်တာကြောင့် AI သုတေသနဓာတ်ခွဲခန်း တစ်ခုချင်းစီကပဲ ဘေးကင်းလုံခြုံရေးအတွက် လိုအပ်တဲ့ စိစစ်မှုတွေကို အချိန်ယူ ဆောင်ရွက်သွားသင့်တယ်လို့လည်း အဲဒီအင်တာဗျူးမှာ ၎င်းက ထောက်ပြထားပါတယ်။

Mark Zuckerberg Argues Against AI Slowdown - Yahoo News Singapore

စွမ်းဆောင်ရည်မြင့် AI စနစ်တွေကို အရှိန်အဟုန်နဲ့ တည်ဆောက်နေမှုအပေါ် ပညာရှင်အချို့က စိုးရိမ်နေကြပေမဲ့ မာခ်ဇူကာဘတ်ကတော့ AI ရဲ့ အနာဂတ်အပေါ် ဆက်လက် အပြုသဘောမြင်နေပြီး နည်းပညာတီထွင်သူတွေဘက်က လုံခြုံရေးကို အဓိကထား တာဝန်ယူဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Ref : Technology Innovation