ကမ္ဘာ့နည်းပညာလောကမှာ AI ခေတ်ကို ဦးဆောင်နေတဲ့ ကုမ္ပဏီကြီးတစ်ခု ရှိပါတယ်။ အဲဒီ ကုမ္ပဏီကတော့ အခုလက်ရှိမှာ လူပြောအများဆုံးဖြစ်နေတဲ့ Nvidia ပဲ ဖြစ်ပါတယ်။ ဂိမ်းကစားရာမှာ သုံးတဲ့ ကတ်လေးတွေ ထုတ်လုပ်ရာကနေ အခုဆိုရင် ဉာဏ်ရည်တုနည်းပညာရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုအဖြစ် ကြီးထွားလာခဲ့ပါတယ်။ ထိပ်တန်းအမှုဆောင်အရာရှိချုပ် ဂျန်ဆင်ဟွမ်ရဲ့ နောက်ကွယ်က အရှုပ်တော်ပုံတွေနဲ့အတူ ဒီကုမ္ပဏီကြီးအကြောင်း ပိုပြီးပြည့်စုံတဲ့ စိတ်ဝင်စားစရာ အချက်တွေကို ဆက်လက်လေ့လာကြည့်ရအောင်ပါ။

 

🛑 တိုးတက်လာတဲ့ GPU နည်းပညာ - Nvidia က ထုတ်လုပ်တဲ့ ဂရပ်ဖစ်ပရိုဆက်ဆာ(GPU)တွေဟာ သာမန် မိုက်ခရိုပရိုဆက်ဆာ(CPU)တွေထက် ပိုမိုမြန်ဆန်ပြီး စွမ်းဆောင်ရည် အလွန်မြင့်မားပါတယ်။ ဒီ GPU တွေက အခုခေတ်မှာ ရေပန်းစားနေတဲ့ ChatGPT လိုမျိုး မျိုးဆက်သစ် AI တွေအတွက် မရှိမဖြစ်လိုအပ်ပြီး ဥပမာအားဖြင့် ChatGPT လည်ပတ်ဖို့အတွက် GPU အလုံးရေ ၃၀,၀၀၀ ခန့် လိုအပ်ပါတယ်။ ဒါ့အပြင် Google ၊ Microsoft နဲ့ Amazon Web Services တို့လို နည်းပညာကုမ္ပဏီကြီးတွေဟာလည်း Nvidia ရဲ့ အဓိက ဖောက်သည်ကြီးတွေ ဖြစ်ကြပါတယ်။

🛑 အမည်ပေါက်ဖွားလာပုံ - ကုမ္ပဏီကို ၁၉၉၃ ခုနှစ်မှာ ဂျန်ဆင်ဟွမ်၊ ခရစ်စ် မလာချောင်စကီး နဲ့ ကာတစ် ပရီယမ် တို့က စတင်တည်ထောင်ခဲ့ပြီး ဖိုင်နာမည်တွေ ပေးရာမှာ သုံးတဲ့ Next Version ဆိုတဲ့ စကားလုံးရဲ့ N နဲ့ V ကို အစွဲပြုထားတာ ဖြစ်ပါတယ်။ အဲဒီနောက် မနာလိုခြင်း (သို့မဟုတ်) မျက်စိဆိုးလို့ အဓိပ္ပာယ်ရတဲ့ လက်တင်စကားလုံး "invidia" ကို အခြေခံပြီး နာမည်ပေးထားတာ ဖြစ်ပါတယ်။ သူတို့ရဲ့ အစိမ်းနဲ့ အဖြူရောင် မျက်လုံးပုံစံ လိုဂိုကလည်း အဲဒီ "မျက်စိဆိုး" (တစ်ချက်ကြည့်ရုံနဲ့ ကျိန်စာသင့်စေနိုင်တယ်ဆိုတဲ့ အယူအဆ) ဆိုတဲ့ အဓိပ္ပာယ်ကို ကိုယ်စားပြုနေပါတယ်။

🛑 ဂိမ်းကဏ္ဍကနေ ဒေတာစင်တာဆီသို့ - ကနဦးမှာ 3D ရုပ်ထွက်တွေနဲ့ ဗီဒီယိုဂိမ်းတွေအတွက် ရည်ရွယ်ပြီး ကမ္ဘာ့ပထမဆုံး GPU ကို ၁၉၉၉ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ အင်တာနက် တော်လှန်ရေးခေတ်ကို ရောက်လာတဲ့အခါမှာတော့ သုတေသီတွေနဲ့ ကုမ္ပဏီကြီး အနည်းငယ်သာ သုံးနိုင်တဲ့ ကွန်ပျူတာစွမ်းဆောင်ရည်ကို လူတိုင်းလက်လှမ်းမီစေဖို့ ဒေတာစင်တာ အခြေခံအဆောက်အအုံတွေအတွက်ပါ အထူးထုတ်လုပ်ဖန်တီးပေးလာနိုင်ခဲ့ပါတယ်။

🛑 ဈေးကွက်ပြိုင်ဘက်တွေ - AMD နဲ့ Intel တို့လို သက်တမ်းရင့် ပြိုင်ဘက်တွေ ရှိပေမယ့် Nvidia က ဒီနှစ် ပထမသုံးလပတ်မှာ ကမ္ဘာ့ GPU ဈေးကွက်ရဲ့ ၉၀ ရာခိုင်နှုန်းခန့်ကို လွှမ်းမိုးထားနိုင်ပါတယ်။ သူတို့ဟာ ချစ်ပ်တွေကို ကိုယ်တိုင်မထုတ်လုပ်တဲ့ ဖက်ဘလက်စ် (fabless) ကုမ္ပဏီအမျိုးအစားဖြစ်ပြီး ထိုင်ဝမ်က TSMC ကိုသာ ထုတ်လုပ်ခိုင်းပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ စုစုပေါင်းဝင်ငွေ ဒေါ်လာ ၂၁၆ ဘီလီယံအထိ စံချိန်တင် ရရှိခဲ့ပြီး အသားတင်အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁၂၀ ဘီလီယံအထိ ရရှိခဲ့ကာ ၂၀၂၇ ခုနှစ်မှာ ဝင်ငွေ ဒေါ်လာ ၁ ထရီလီယံအထိ ရောက်လာမယ်လို့ ဂျန်ဆင်ဟွမ် က ခန့်မှန်းထားပါတယ်။

🛑 ထူးခြားတဲ့ အမှုဆောင်အရာရှိချုပ် - သားရေဂျာကင်အမည်းကို အမြဲလိုလို ဝတ်ဆင်လေ့ရှိတဲ့ အသက် ၆၃ နှစ်အရွယ် အမှုဆောင်အရာရှိချုပ် ဂျန်ဆင်ဟွမ်က ပြီးခဲ့တဲ့ ၃၃ နှစ်တာကာလလုံး Nvidia ရဲ့ တစ်ဦးတည်းသော CEO အဖြစ် ဦးဆောင်လာခဲ့တာဖြစ်ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေအလယ်လောက်မှာ ဒေဝါလီခံရမယ့် အခြေအနေကနေ ကုမ္ပဏီကို ကယ်တင်နိုင်ခဲ့တဲ့ သူဟာ လက်ရှိမှာတော့ တရုတ်သူလျှိုလို့ သံသယရှိရတဲ့ အမျိုးသမီးတစ်ဦး အပါအဝင် ဝန်ထမ်းတွေနဲ့ ဖောက်ပြန်မှု သတင်းတွေကြောင့် ကုမ္ပဏီကနေ နှုတ်ထွက်သွားပါပြီ။

Ref : Bangkokpost