အမေရိကန် နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ OpenAI က  ChatGPT  ရဲ့ Chrome Browser Tabs တွေကိုတိုက်ရိုက်ထိန်းချုပ်နိုင်တဲ့ စိတ်လှုပ်ရှားစရာ လုပ်ဆောင်ချက်အသစ်တစ်ခုကို တရားဝင် မိတ်ဆက်လိုက်ပါတယ်။

ပီစီမက်ဂျ်ရဲ့ ဖော်ပြချက်အရ ChatGPT Browser Extension ကနေ ဖောင်ဖြည့်တာ၊ မက်ဆေ့ချ်ပို့တာနဲ့ တက်ဘ်တွေကို အုပ်စုဖွဲ့တာလိုမျိုး လုပ်ငန်းဆောင်တာတွေကို ကိုယ်တိုင် လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Tab မှာရှိတဲ့ စာသားတွေကို အကျဉ်းချုပ်တာ၊ ရှင်းပြခိုင်းတာနဲ့ YouTube Video အကြောင်း မေးခွန်းမေးတာတွေပြုလုပ်နိုင်ပါတယ်။

 

အဲဒီ စွမ်းဆောင်ရည်အသစ်ကို Google Chrome အပြင် Microsoft Edge, Brave, Opera နဲ့ Vivaldi စတဲ့ ဘရောက်ဆာတွေမှာပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ Chrome Webstore ကနေ Extension ကို အခမဲ့ ရယူသုံးစွဲနိုင်ပြီး အခပေး အစီအစဉ်တွေအထိ ဝယ်ယူစရာ မလိုတော့ပါဘူး။

 

ဒါ့အပြင် အသုံးပြုသူတွေဟာ ဖန်သားပြင်ဘေးက ပန်နယ်မှာတင် မဟုတ်ဘဲ ဒက်စတော့ အက်ပ်မှာ ကိုယ်တိုင် ရေးပြီး တက်ဘ်တွေကို တိုက်ရိုက် အသုံးပြုနိုင်ပါတယ်။ အဲဒီလို အဆင်ပြေတဲ့ လုပ်ဆောင်ချက်တွေကြောင့် ဘရောက်ဆာ အသုံးပြုမှု ပိုမိုတွင်ကျယ်လာဖို့ မျှော်လင့်နေကြပါတယ်။

Ref: pcmag