Google ၏ AI assistant ဖြစ်သော Gemini သည် ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပိုမိုကာကွယ်ပေးရန် ရည်ရွယ်ချက်ဖြင့် safety feature အသစ်တစ်ခုကို ထည့်သွင်းလာမည် ဖြစ်ပါတယ်။ ကလေးများသည် Gemini နှင့် စကားပြောဆိုစဉ် ကိုယ့်ကိုယ်ကိုယ် ထိခိုက်မှု (self-harm) နှင့် ပတ်သက်သော အကြောင်းအရာများကို ဖော်ပြပါက၊ သက်ဆိုင်ရာ မိဘများထံ တိုက်ရိုက် အသိပေးချက် ပေးပို့မည် ဖြစ်ကြောင်း Android Authority မှ သတင်းထုတ်ပြန်ထားပါတယ်။
ယခုလုပ်ဆောင်ချက်သည် Google ၏ Family Link စနစ်နှင့် ချိတ်ဆက်ထားပြီး၊ ကလေးအကောင့်များ (supervised accounts) အတွက်သာ အကျုံးဝင်မည် ဖြစ်ပါတယ်။ Gemini AI chatbot သည် စကားစနစ်ထဲတွင် အန္တရာယ်ရှိသော သို့မဟုတ် စိုးရိမ်စရာဖြစ်သည့် စကားလုံးများ သို့မဟုတ် အကြောင်းအရာများကို automatic detection system ဖြင့် ရှာဖွေပြီး၊ လိုအပ်ပါက မိဘများထံ ချက်ချင်းအသိပေးနိုင်မည် ဖြစ်ပါတယ်။ ယခုအချိန်တွင် feature သည် testing phase တွင်သာ ရှိနေသေးပြီး၊ မည်သည့်နိုင်ငံများတွင် မည်သည့်အချိန်၌ စတင်မည်ကို Google က တရားဝင် ထုတ်ပြန်ခြင်း မပြုသေးပါ။
Gemini AI သည် မြန်မာနိုင်ငံတွင်လည်း လူသုံးများလာသည့် AI assistant တစ်ခု ဖြစ်လာသောကြောင့်၊ ဤ safety feature သည် ကလေးငယ်များ အွန်လိုင်းတွင် ဘေးကင်းစွာ အသုံးပြုနိုင်ရန် မိဘများအတွက် အထောက်အကူဖြစ်မည့် တီထွင်မှုတစ်ခု ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ် ကျန်းမာရေးနှင့် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို အလေးထားသော ယနေ့ခေတ်တွင် ဤသို့သော AI-powered safety tool များသည် နည်းပညာကုမ္ပဏီကြီးများ၏ တာဝန်ယူမှု လမ်းကြောင်းအသစ်ကို ပြသနေပါတယ်။



