အိန္ဒိယနိုင်ငံတောင်ပိုင်း မဒူရိုင်းမြို့က ဗီရာမာနီလို့ အမည်ရတဲ့ ဆယ်လီ Content Creator တစ်ဦးဟာ ဒီဝါလီပွဲတော်အတွက် အချိုပွဲတွေ ပို့ပေးဖို့ Fans တွေကို လိပ်စာပေးပြီး တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ Fans တွေက အချိုပွဲတွေအစား ရေခဲသေတ္တာတွေ၊ ရုပ်မြင်သံကြားစက်တွေ၊ အဝတ်လျှော်စက်တွေနဲ့ စမတ်ဖုန်းတွေလို တန်ဖိုးကြီး ပစ္စည်းတွေကို Cash on Delivery (ပစ္စည်းရောက်ငွေချေစနစ်) နဲ့ မှာယူပြီး သူ့ဆီကို ပို့ဆောင်ခဲ့ကြပါတယ်။

အဲဒီလို ပို့ဆောင်မှုတွေထဲမှာ ဒေါ်လာ ၁၉၀၀ လောက် တန်ဖိုးရှိတဲ့ တီဗွီတစ်လုံးလည်း ပါဝင်ခဲ့ပြီး နာရီဝက်အတွင်းမှာတင် ပို့ဆောင်ရေးသမား ၁၅ ဦးလောက် ရောက်လာခဲ့တယ်လို့ သိရပါတယ်။ သူက ဒီလိုနောက်ပြောင်တာတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ပစ္စည်းတွေ ဆက်တိုက်ရောက်လာတဲ့အတွက် နောက်ဆုံးမှာတော့ သူဟာ နေအိမ်ကနေ ထွက်ပြေးခဲ့ရပါတယ်။

ဒီအဖြစ်အပျက် အင်တာနက်မှာ ပျံ့နှံ့သွားပြီးတဲ့နောက်မှာတော့ Swiggy Instamart ပို့ဆောင်ရေးကုမ္ပဏီက သူ့ကို အိမ်သုံးပစ္စည်းတွေနဲ့ သူတကယ်လိုချင်ခဲ့တဲ့ ဒီဝါလီအချိုပွဲတွေကို အမှန်တကယ် လက်ဆောင်ပေးအပ်ပြီး အံ့အားသင့်စေခဲ့ပါတယ်။ သူလိုချင်ခဲ့တာက အချိုပွဲလေးတစ်ဘူးသာ ဖြစ်ပေမယ့် အဆုံးမှာတော့ အိမ်ရှေ့ကို ဈေးဝယ်ကတ်တလောက်တစ်ခုလုံး ရောက်လာသလိုမျိုး ဖြစ်သွားခဲ့ပါတယ်။
Ref : Top 10





