နာမည်ကြီး နည်းပညာမီဒီယာ CNET က Apple ရဲ့ ပထမဆုံး ခေါက်နိုင်တဲ့ စမတ်ဖုန်းဖြစ်တဲ့ iPhone Duo ကို ၂၄ နာရီဆက်တိုက် ခေါက်ပြီး ကြံ့ခိုင်မှုကို စမ်းသပ်ခဲ့ပါတယ်။ အဲဒီ စမ်းသပ်မှုမှာ ဖုန်းကို အကြိမ်ရေ ၃ သိန်းကျော်အထိ အဖွင့်အပိတ်လုပ်ခဲ့ပေမယ့် Hinge နဲ့ မျက်နှာပြင်မှာ ဘာပျက်စီးမှုမှ မတွေ့ရဘူးလို့ ဆိုပါတယ်။

 

စမ်းသပ်ရာမှာ Fold-a-Phone လို့ ခေါ်တဲ့ အလိုအလျောက် စမ်းသပ်စက်ကို အသုံးပြုခဲ့ပြီး YouTube ကနေလည်း တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။ စက်ပူလာတာနဲ့ ပျက်စီးတာတွေ မဖြစ်အောင် တစ်ခေါက်ကို ၄ စက္ကန့်ကြာ အချိန်ယူခဲ့ပြီး အခန်းအပူချိန်ကိုလည်း လျှော့ချထားခဲ့ပါတယ်။ အဲဒီ စမ်းသပ်မှုဟာ Apple နဲ့ တခြားဘယ်ကုမ္ပဏီဆီကမှ ငွေကြေးထောက်ပံ့မှု မယူဘဲ လွတ်လွတ်လပ်လပ် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

 

CNET အနေနဲ့ အဲဒီ စမ်းသပ်စက်ကိုပဲ အသုံးပြုပြီး Samsung Galaxy Z Fold 8 နဲ့ Google Pixel 11 Pro Fold ဖုန်းတွေကိုလည်း ဆက်လက်စမ်းသပ်သွားဖို့ ရှိနေပါတယ်။ ဒါပေမယ့် အခုလို အကြိမ်ရေ အများကြီး ခေါက်နိုင်တာဟာ ကြံ့ခိုင်မှုရဲ့ ပြယုဂ်တစ်ခုသာဖြစ်ပြီး လက်တွေ့အပြင်မှာ သုံးတဲ့အခါ ကြုံတွေ့ရနိုင်တဲ့ အခြေအနေတိုင်းကို ခံနိုင်ရည်ရှိမယ်လို့တော့ အာမမခံနိုင်ဘူးလို့ သတိပေးထားပါတယ်။

Ref       : Khaosod