OnlyFans မော်ဒယ် လီလီဖီးလစ် (Lily Phillips) ဟာ ၂၄ နာရီအတွင်းမှာ အမျိုးသား ၁၀,၀၀၀ နဲ့ အိပ်စက်နိုင်ဖို့အတွက် သူမရဲ့ AI ကိုယ်ပွားတစ်ခုကို ဖန်တီးလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဗြိတိန်လူမျိုး မော်ဒယ်ဟာ ပရိသတ်တွေနဲ့ အချိန်ပြည့် ထိတွေ့ဆက်ဆံနိုင်ဖို့ OhChat ပလက်ဖောင်းကနေတစ်ဆင့် အဲဒီ AI ကိုယ်ပွားကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

 

ပရိသတ်တွေအနေနဲ့ အမေရိကန်ဒေါ်လာ ၉.၉၉ ပေးသွင်းပြီး Lily AI နဲ့ စာပို့တာ၊ အသံမက်ဆေ့ချ်ပို့တာ၊ ဗီဒီယိုကောလ်ခေါ်တာနဲ့ ဝတ်လစ်စလစ်ပုံတွေ ဖလှယ်တာတွေကို လုပ်ဆောင်နိုင်ပါတယ်။ ဒီ AI ဟာ သူမရဲ့ ရုပ်ရည်၊ အသံနဲ့ ဟာသဉာဏ်တွေကို အတုယူထားပြီး ပရိသတ်တွေအတွက် လက်တွေ့ကျတဲ့ အတွေ့အကြုံကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

 

ဒီလိုဖန်တီးမှုဟာ ပရိသတ်တွေအတွက် ဖျော်ဖြေရေးသက်သက်သာဖြစ်ပြီး အစစ်အမှန် ဆက်ဆံရေးကို အစားထိုးနိုင်မှာ မဟုတ်ဘူးလို့ လီလီက ဆိုပါတယ်။ ဒါ့အပြင် သူမရဲ့ ခွင့်ပြုချက်နဲ့ ဖန်တီးထားတဲ့ အဲဒီ AI ဟာ ခွင့်ပြုချက်မပါဘဲ ဖန်တီးထားတဲ့ deepfake တွေနဲ့ လုံးဝမတူဘူးလို့လည်း သူမက အလေးပေး ပြောကြားထားပါတယ်။

Ref : nypost