မြောက်ကိုရီးယားနိုင်ငံက AI နည်းပညာသုံး Zam-2.0 ရေငုပ်သင်္ဘောပစ်ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလက်နက်အသစ်ဟာ ပစ်မှတ်ကို အလိုအလျောက် ထောက်လှမ်းနိုင်ပြီး ရေအောက်မှာ လမ်းကြောင်းပြပေးနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။

အဲဒီစမ်းသပ်မှုကို အောက်တိုဘာ ၁၅ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး ကိုရီးယားဗဟိုသတင်းဌာန (KCNA) က အောက်တိုဘာ ၁၇ ရက်နေ့မှာ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီဒုံးကျည်ဟာ အရှိန်ပြင်းပြီး တိကျစွာ လမ်းကြောင်းပြနိုင်တဲ့ လက်နက်တစ်မျိုးဖြစ်ပေမဲ့ AI စနစ်ရဲ့ စွမ်းဆောင်ရည် အပြည့်အစုံကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ဒါ့အပြင် တွန်းကန်အားနည်းပညာနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ၅ နှစ်အတွင်း စမ်းသပ်မှုပေါင်း ၁၈၀ ကျော် ပြုလုပ်ခဲ့တယ်လို့ KCNA က ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကိန်းဂဏန်းတွေဟာ တွန်းကန်အား ဖွံ့ဖြိုးတိုးတက်မှုအတွက်သာ ဖြစ်ပြီး ဒုံးကျည်ပ-စ်ခ-တ် အောင်မြင်ခဲ့တဲ့ အကြိမ်ရေ မဟုတ်ပါဘူး။ အဲဒီလက်နက်ရဲ့ အမြန်နှုန်း၊ အကွာအဝေးနဲ့ ပစ်လွှတ်တဲ့ ပလက်ဖောင်းတွေကိုတော့ လောလောဆယ်မှာ ထုတ်ဖော်ပြသထားခြင်း မရှိသေးပါဘူး။
Ref : Technology Innovation


