Nvidia ဝန်ထမ်း ၃,၀၀၀ ကျော်ကို ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ဝန်ထမ်းတွေရဲ့ ထက်ဝက်နီးပါးဟာ ပိုင်ဆိုင်မှု ဒေါ်လာ ၂၅ သန်းကျော်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ၇၆ ရာခိုင်နှုန်းကနေ ၇၈ ရာခိုင်နှုန်းအထိဟာ သန်းကြွယ်သူဌေးတွေ ဖြစ်ကြပါတယ်။ အဲဒီစစ်တမ်းကို ၂၀၂၅ ခုနှစ် ဇွန်လမှာ ကောက်ယူခဲ့ပြီး ဩဂုတ်လမှာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။

 

အဲဒီ ကိန်းဂဏန်းတွေဟာ ဝန်ထမ်းတွေရဲ့ ဖြေကြားချက်တွေအပေါ် အခြေခံထားပြီး တရားဝင် ငွေကြေးမှတ်တမ်းတွေ မဟုတ်တဲ့အတွက် Nvidia ဝန်ထမ်းအားလုံးရဲ့ အတည်ပြု ကိန်းဂဏန်းတွေအဖြစ် မသတ်မှတ်သင့်ပါဘူး။

 

ဒီလို ချမ်းသာလာရခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ခုကတော့ Nvidia ရဲ့ စတော့ရှယ်ယာတွေကြောင့် ဖြစ်ပါတယ်။ ကုမ္ပဏီက ဝန်ထမ်းတွေကို လစာရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှယ်ယာတွေ ပေးအပ်ပြီး လျှော့ဈေးနဲ့ ဝယ်ယူခွင့်လည်း ပေးထားပါတယ်။ AI ခေတ်မှာ ကုမ္ပဏီရဲ့ ရှယ်ယာဈေးတွေ တက်လာတဲ့အတွက် ရှယ်ယာ ပိုင်ဆိုင်ထားတဲ့ ဝန်ထမ်းတွေ ချမ်းသာလာခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီချမ်းသာကြွယ်ဝမှုတွေဟာ ငွေသားထက် ရှယ်ယာတွေအဖြစ်သာ ရှိနေပြီး ဈေးကွက်အပေါ် မူတည်ကာ တန်ဖိုး အပြောင်းအလဲ ရှိနိုင်မှာ ဖြစ်ပါတယ်။

Ref : Technology Innovation