Nvidia ကုမ္ပဏီ CEO ဂျန်ဆန်ဟွမ် (Jensen Huang) ဟာ တရုတ်သူလျှိုလို့ သံသယရှိရသူတစ်ဦးနဲ့ ပတ်သက်ဆက်နွှယ်မှုတွေကို ဖုံးကွယ်ပြီး ရှယ်ယာရှင်တွေကို လိမ်လည်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုခံထားရပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်မှာ တိုင်ကြားထားတဲ့ အဲဒီတရားစွဲဆိုမှုမှာတော့ ဂျန်ဆန်ဟွမ်ဟာ အမေရိကန်အာဏာပိုင်တွေက တရုတ်ထောက်လှမ်းရေးလို့ ယူဆထားတဲ့ အဲလစ်ဟွမ် (Alice Huang) နဲ့ ဖောက်ပြန်ခဲ့မှုကို ရှယ်ယာရှင်တွေကို အသိမပေးဘဲ ဖုံးကွယ်ထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီကိစ္စဟာ အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့အပြင် Nvidia ရဲ့ ဂုဏ်သိက္ခာနဲ့ စီးပွားရေးအလားအလာတွေကို ခြိမ်းခြောက်နေတယ်လို့ ရှယ်ယာရှင်တွေက ဆိုပါတယ်။
ဂျန်ဆန်ဟွမ်ကတော့ သူ့ဇနီးအပေါ် သစ္စာဖောက်ခဲ့ကြောင်း ကုမ္ပဏီဝန်ထမ်းတွေကို ဝန်ခံခဲ့ပေမယ့် အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။ Nvidia ဘက်ကလည်း ဒီကိစ္စကို စုံစမ်းစစ်ဆေးသွားမယ်လို့ တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။

ဒီသတင်းတွေ ထွက်ပေါ်လာပြီးနောက် တနင်္လာနေ့မှာ Nvidia ရဲ့ ရှယ်ယာဈေးနှုန်း ၄ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၉၀ ဘီလီယံခန့် လျော့ကျသွားခဲ့ပါတယ်။
ရှယ်ယာဈေးတွေ ရုတ်တရက် ကျဆင်းသွားပြီးနောက်ပိုင်း မက်ခ်ကစ္စတန်မက်ကာ (Mark Kistenmacher) ဦးဆောင်တဲ့ ရှယ်ယာရှင်တွေက ကုမ္ပဏီကို တရားစွဲဆိုကာ နစ်နာကြေး တောင်းခံထားပါတယ်။
Ref: Reuters





