အမှုဆောင်အရာရှိချုပ် ဂျန်ဆင်ဟွမ် (Jensen Huang) နဲ့ တရုတ်ထောက်လှမ်းရေးနဲ့ အဆက်အသွယ်ရှိတယ်လို့ သံသယရှိရတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ဦးတို့ရဲ့ ပတ်သက်မှုသတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ Nvidia ရဲ့ ရှယ်ယာဈေးနှုန်းတွေ ထိုးကျသွားခဲ့ပါတယ်။ ရှယ်ယာဈေးနှုန်း ၉ ဒသမ ၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားတဲ့အတွက် ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုး ဒေါ်လာ ၄၃၀ ဘီလီယံခန့် ဆုံးရှုံးခဲ့ရပါတယ်။

အဲဒီအမျိုးသမီး အဲလစ်စ်ဟွမ် (Alice Huang) ဟာ တရုတ်နိုင်ငံကို Nvidia AI ချစ်ပ်တွေ တင်ပို့မှုနဲ့ ပတ်သက်နေနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျန်ဆင်ဟွမ် ကို FBI က စုံစမ်းစစ်ဆေးနေသလို အမေရိကန်အာဏာပိုင်တွေကလည်း အမေရိကန်ရဲ့ ပို့ကုန်စည်းမျဉ်းတွေကို ချိုးဖောက်မှုရှိမရှိ စစ်ဆေးနေပါတယ်။

ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့အတွက် Nvidia ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့က ပြင်ပဥပဒေရေးရာကျွမ်းကျင်သူတွေကို ငှားရမ်းထားပါတယ်။ ကုမ္ပဏီရဲ့ လျှို့ဝှက်အချက်အလက်တွေ ဒါမှမဟုတ် အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး ထိခိုက်နစ်နာမှုရှိတယ်လို့ ယုံကြည်စရာအကြောင်းမရှိဘူးလို့ ကုမ္ပဏီဘက်က ပြောကြားထားပါတယ်။ လောလောဆယ်မှာတော့ ဂျန်ဆင်ဟွမ်ဟာ Nvidia ရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် ဆက်ရှိနေသေးပြီး ကုမ္ပဏီအနေနဲ့ သူ့ရဲ့ နုတ်ထွက်စာကို ကြေညာခြင်းမရှိသေးပါဘူး။
Ref : Technology Innovation




