အဓိကအကြောင်းအရာသို့ သွားရန်
MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
EN
Sam Altman က AI ရဲ့ အကျိုးကျေးဇူးအများကြီးအတွက် ဆိုးကျိုးအချို့ကို လက်ခံသင့်တယ်လို့ ပြော
သတင်း
သတင်း၁၂ အောက်တိုဘာ ၂၀၂၆

Sam Altman က AI ရဲ့ အကျိုးကျေးဇူးအများကြီးအတွက် ဆိုးကျိုးအချို့ကို လက်ခံသင့်တယ်လို့ ပြော

မျှဝေရန်

<p>OpenAI ရဲ့ အမှုဆောင်ချုပ် Sam Altman က ကမ္ဘာကြီးအနေနဲ့ AI နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို</p>

OpenAI ရဲ့ အမှုဆောင်ချုပ် Sam Altman က ကမ္ဘာကြီးအနေနဲ့ AI နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို အပြည့်အဝ ရရှိဖို့အတွက် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးအချို့ကိုပါ လက်ခံပေးသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။ အဲဒီလို ထည့်သွင်းပြောဆိုချက်က နည်းပညာလောကမှာ စိတ်ဝင်စားစရာ အငြင်းပွားဖွယ်ရာ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

AI နည်းပညာကို လိမ်လည်လှည့်ဖြားမှုတွေနဲ့ ဟက်ကာလုပ်ငန်းတွေမှာ အလွဲသုံးစားလုပ်လာနိုင်တယ်ဆိုတာကို သူက ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်လာနိုင်ခြေရှိတဲ့ ပြဿနာတိုင်းကို အစွမ်းကုန် တားဆီးဖို့ ကြိုးစားနေမယ်ဆိုရင် လူသားထုအတွက် အကျိုးအများကြီး ဖြစ်ထွန်းစေမယ့် နည်းပညာကို အသုံးပြုခွင့် ရရှိတော့မှာ မဟုတ်ဘူးလို့ သူက ထောက်ပြခဲ့ပါတယ်။

ဒါ့အပြင် အဲဒီနည်းပညာကို လူနည်းစု ကုမ္ပဏီအချို့ကသာ ချုပ်ကိုင်ထားတာမျိုး မဖြစ်သင့်ဘူးလို့လည်း ဆမ်အော့ဖ်မင်းက ဆိုပါတယ်။ လူတိုင်းက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခွင့် ရရှိသင့်ပြီး ဘယ်လိုပုံစံနဲ့ အသုံးပြုရမယ်ဆိုတာကိုပါ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရှိသင့်တယ်လို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

Ref : Technology Innovation

မျှဝေရန်

ဆက်စပ်ဆောင်းပါးများ

ဥရောပမှာ Full Self-Driving ကို အမည်ပြောင်းလဲလိုက်တဲ့  Tesla

<p>တက်စလာက ဥရောပဝဘ်ဆိုက်တွေမှာ အသုံးပြုနေတဲ့ Full Self-Driving ဆိုတဲ့ အမည်ကို Tesla Assisted Driving</p>

၁၂/၁၀/၂၀၂၆

Oppo Find N7 ၏ ကင်မရာနှင့် ဒစ်စပလေး အချက်အလက်များ ပေါက်ကြား

Oppo Find N7 ဖုန်းအတွက် ကင်မရာစနစ်နှင့် ဒစ်စပလေးဆိုင်ရာ အသစ်သော သတင်းအချက်အလက်များ GSMArena မှတဆင့် ပေါက်ကြားလာပါတယ်။

၁၂/၁၀/၂၀၂၆

Vivo X500E ဖုန်းသစ် Bluetooth အသိအမှတ်ပြုလက်မှတ်ရရှိ၊ ထုတ်ဝေမည့်ရက် နီးကပ်လာ

Vivo X500E စမတ်ဖုန်းသစ်သည် Bluetooth SIG အသိအမှတ်ပြုလက်မှတ်ရရှိခဲ့ပြီး ထုတ်ဝေမည့်ရက်နီးကပ်လာကြောင်း သိရပါတယ်။

၁၂/၁၀/၂၀၂၆
  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများဆက်သွယ်ရန်

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.comWebsite by RFOX Media