အမေရိကန်နိုင်ငံ၊ ကိုလိုရာဒိုပြည်နယ်မှာ နေထိုင်တဲ့ လေကြောင်းထိန်းသိမ်းရေး အရာရှိ ဂျိတ်ဘ် ဟတ်ဇ်လာ ဆိုတဲ့ အမျိုးသားတစ်ဦးဟာ နေ့စဉ်ကြုံတွေ့နေရတဲ့ ယာဉ်ကြောပိတ်ဆို့မှု ဒဏ်ကို အမိုက်စားနည်းလမ်းတစ်ခုနဲ့ ကျော်လွှားနေပါတယ်။ ကားမောင်းဖို့ သို့မဟုတ် ဘတ်စ်ကားစီးဖို့ အစား သူဟာ ပါရာမိုတာလို့ခေါ်တဲ့ မိုးပျံယာဉ်ငယ်လေးကို အသုံးပြုပြီး ရုံးကို ကောင်းကင်ယံကနေ ပျံသန်းသွားလာနေတာ ဖြစ်ပါတယ်။ အဲဒီလို လေယာဉ်ပြေးလမ်း မလိုဘဲ   ထူးခြားဆန်းပြားတဲ့ အလုပ်သွားတဲ့ ပုံစံဟာ လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားလာခဲ့ပြီး လူအများကို အံ့အားသင့်စေခဲ့ပါတယ်။

 

သူ့ရဲ့ ပျံသန်းပုံကို ရှင်းပြရာမှာ အဲဒီပါရာမိုတာဆိုတာ ရိုးရိုးလေထီးတစ်ခုမှာ ပန်ကာနဲ့ စက်ပစ္စည်းတွေ တပ်ဆင်ထားတဲ့ ပုံစံမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်ခန်းရှေ့လမ်းမပေါ်ကနေ  စတင်ထွက်ခွာပြီး ရုံးခန်းဆီ ရောက်ဖို့ မိနစ် ၂၀ သာ ကြာမြင့်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လေဆိပ်ရဲ့ လေကြောင်းပိုင်နက်ထဲကို ဝင်ရောက်မယ့်အချိန်မှာ တာဝါတိုင်နဲ့ နှစ်ဖက်ဆက်သွယ်ရေးကို ကြိုတင်လုပ်ဆောင်ရပြီး ဆင်းသက်ခွင့်ပါ လေယာဉ်မှူးတွေဆီကနေ ရယူရပါတယ်။

 

အဲဒီလို ထူးခြားတဲ့ ခရီးသွားလာမှုပုံစံကြောင့် လူမှုကွန်ရက်သုံးစွဲသူတွေကြားမှာ စိတ်ဝင်စားမှုတွေ မြင့်တက်နေပြီး အချို့က အလွန်မိုက်တဲ့ ခရီးသွားလာမှုလို့ မှတ်ချက်ပေးကြပါတယ်။ တချို့ကတော့ မိုးလေဝသ အခြေအနေဆိုးတဲ့ အချိန်တွေမှာ ဘယ်လိုလုပ်မလဲဆိုပြီး စိတ်ဝင်တစားနဲ့ မေးမြန်းခဲ့ကြပါသေးတယ်။

Ref : ndtv