YouTube ဗီဒီယိုများ ပိုမိုကြည်လင်ပြီး buffering လျော့နည်းနိုင်တော့မည့် သတင်းကောင်းတစ်ခု ထွက်ပေါ်လာပါတယ်။ Android Authority ၏ သတင်းအချက်အလက်များအရ YouTube သည် ဗီဒီယို compression နည်းပညာအသစ်ဖြစ်တဲ့ AV2 codec ကို ၂၀၂၇ ခုနှစ် အစောပိုင်းမှာပဲ စတင်အသုံးပြုဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒီ codec အသစ်ဟာ လက်ရှိအသုံးပြုနေတဲ့ AV1 ထက် ပိုမိုကောင်းမွန်တဲ့ compression efficiency ရှိပြီး data အနည်းငယ်နဲ့ပဲ ဗီဒီယိုအရည်အသွေးကို ပိုကောင်းအောင် ထုတ်ပေးနိုင်မယ်လို့ ဆိုပါတယ်။
AV2 codec ဟာ Alliance for Open Media (AOMedia) ကနေ ဖော်ထုတ်ထားတဲ့ open-source codec တစ်ခုဖြစ်ပြီး ရုပ်ရှင်ကားများ၊ ဂိမ်းများ၊ live streaming များအတွက် ပိုမိုထိရောက်တဲ့ bandwidth အသုံးချမှုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ internet connection နှေးနေတဲ့ user များအတွက်တောင် ဗီဒီယို buffering ပြဿနာကို သိသိသာသာ လျော့ချနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် ဗီဒီယို resolution ကို မြှင့်တင်ရာမှာလည်း data usage ကို ထိန်းညှိပေးနိုင်မှာ ဖြစ်ပါတယ်။
YouTube ဟာ မြန်မာနိုင်ငံမှာ အသုံးအများဆုံး platform တစ်ခုဖြစ်တဲ့အတွက် ဒီ technology အသစ်ဟာ local users တွေအတွက် တိုက်ရိုက်အကျိုးရှိနိုင်ပါတယ်။ Internet speed မမြန်တဲ့ area တွေမှာလည်း ဗီဒီယိုကြည့်ရှုမှု experience ပိုမိုချောမွေ့လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် AV2 codec အသုံးပြုဖို့အတွက် devices များမှာ hardware support လိုအပ်နိုင်တဲ့အတွက် ဒီ feature အပြည့်အစုံ ခံစားရဖို့ အချိန်အနည်းငယ် စောင့်ရနိုင်ပါတယ်။

