အဓိကအကြောင်းအရာသို့ သွားရန်
MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
EN
ဒူဘိုင်းဗလီမှာ အိဒ်ဝတ်ပြုလှုပ်ရှားမှုတွေ လိုက်လုပ်ပြပြီး အင်တာနက်ကို ကိုင်လှုပ်သွားတဲ့ လူတူစက်ရုပ် ‘Bu Sunaidah'
သတင်း
သတင်း၈ ဇွန် ၂၀၂၆

ဒူဘိုင်းဗလီမှာ အိဒ်ဝတ်ပြုလှုပ်ရှားမှုတွေ လိုက်လုပ်ပြပြီး အင်တာနက်ကို ကိုင်လှုပ်သွားတဲ့ လူတူစက်ရုပ် ‘Bu Sunaidah'

မျှဝေရန်

<p>ယူအီးအီး (UAE) ရိုးရာဝတ်စုံကို အပြည့်အစုံဝတ်ဆင်ထားပြီး ယူနီထရီး ဂျီဝမ်း (Unitree G1) နည်းပညာနဲ့ တည်ဆောက်ထားတဲ့</p>

ယူအီးအီး (UAE) ရိုးရာဝတ်စုံကို အပြည့်အစုံဝတ်ဆင်ထားပြီး ယူနီထရီး ဂျီဝမ်း (Unitree G1) နည်းပညာနဲ့ တည်ဆောက်ထားတဲ့ ‘Bu Sunaidah' အမည်ရ လူတူစက်ရုပ်တစ်ခုဟာ ဒူဘိုင်းဗလီတစ်ခုက အိဒ် (Eid) ဝတ်ပြုဆုတောင်းပွဲမှာ ပေါ်လာခဲ့ပြီးနောက် လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ကျော်ကြားသွားခဲ့ပါတယ်။

ဝတ်ပြုဆုတောင်းဖို့ ရောက်လာကြတဲ့ အစ္စလာမ်ဘာသာဝင်တွေကြားထဲမှာ ဒီလူတူစက်ရုပ်က မတ်တတ်ရပ်တာ၊ ဦးညွှတ်တာနဲ့ ကန်တော့တာ အစရှိတဲ့ ဘာသာရေးဆိုင်ရာ ဝတ်ပြုလှုပ်ရှားမှုတွေကို လူတွေအတိုင်း လိုက်လံလုပ်ဆောင်နေတာကို မြင်တွေ့ခဲ့ရလို့ ဗီဒီယိုဖိုင်တွေဟာ အင်တာနက်ပေါ်မှာ ချက်ချင်းဆိုသလို ရေပန်းစားသွားခဲ့တာ ဖြစ်ပါတယ်။

ဒီမြင်ကွင်းကြောင့် အွန်လိုင်းအသုံးပြုသူတွေကြားမှာ အချေအတင် ဆွေးနွေးစရာတွေ ဖြစ်လာခဲ့ပါတယ်။ တချို့က ခေတ်မီနည်းပညာနဲ့ ရိုးရာယဉ်ကျေးမှုကို ဆန်းသစ်အောင် ပေါင်းစပ်ပြသနိုင်တာလို့ သဘောကျနေကြပေမယ့် တချို့ကတော့ ဘာသာရေးအရ ဝတ်ပြုကိုးကွယ်မှုဆိုတာ စိတ်နေသဘောထားနဲ့ သက်ဝင်ယုံကြည်မှုအပေါ်မှာပဲ အခြေခံတာကြောင့် စက်ရုပ်တွေအနေနဲ့ ဒီလိုနေရာမျိုးမှာ မပါဝင်သင့်ဘူးလို့ ဝေဖန်ကန့်ကွက်နေကြပါတယ်။

တကယ်တော့ ဒီလူတူစက်ရုပ်ဟာ အရင်ကတည်းက ဝတ်ပြုဆုတောင်းဖို့ ဖိတ်ခေါ်သံ (အာဇန်) ကို ရွတ်ဆိုပြတာနဲ့ ကိုရမ်ကျမ်းစာတွေကို ရွတ်ဖတ်ပြတဲ့ ဗီဒီယိုတွေကြောင့် လူသိများပြီးသားလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ Bu Sunaidah ဟာ ယူအီးအီးနိုင်ငံရဲ့ လူထုပွဲလမ်းသဘင်တွေမှာ မပါမဖြစ် ဖိတ်ကြားခံရတဲ့အထိ ရေပန်းစားနေတဲ့ စတားတစ်ဦး ဖြစ်နေပါတယ်။

ဒါ့အပြင် နည်းပညာ တီထွင်ဆန်းသစ်မှုနဲ့ စက်ရုပ်နည်းပညာကဏ္ဍကို ကမ္ဘာ့အဆင့်မီဖြစ်အောင် အထူးအလေးပေး လုပ်ဆောင်နေတဲ့ ယူအီးအီးနိုင်ငံရဲ့ အနာဂတ်မျှော်မှန်းချက်ကို ပေါ်လွင်စေတဲ့ ပြယုဂ်တစ်ခုအဖြစ်လည်း အားလုံးက စိတ်ဝင်တစား စောင့်ကြည့်ခြင်း ခံနေရပါတယ်။

Ref: Technology Innovation

မျှဝေရန်

ဆက်စပ်ဆောင်းပါးများ

BYD ရဲ့ ကားပြခန်းတွေမှာ ဧည့်သည်တွေကို လူတူစက်ရုပ်တွေက ကြိုဆိုတော့မည်

တရုတ်လျှပ်စစ်ကားကုမ္ပဏီကြီး BYD ဟာ စက်ရုံတွေနဲ့ ကားအရောင်းပြခန်းတွေမှာ အသုံးပြုဖို့အတွက် လူတူစက်ရုပ်ဒီဇိုင်းအသစ်ကို ပြသခဲ့ပါတယ်။

၁၃/၁၀/၂၀၂၆

OnePlus 16 ထွက်ရှိ၊ Snapdragon 8 Elite Extreme Gen 6 နှင့် 9,000 mAh ဘက်ထရီ ပါဝင်

OnePlus 16 ဖုန်းသစ်ကို Snapdragon 8 Elite Extreme Gen 6 chipset၊ 200MP camera နှင့် 9,000 mAh ဘက်ထရီတို့နှင့်အတူ စတင်မိတ်ဆက်လိုက်ပါပြီ။

၁၃/၁၀/၂၀၂၆

iQOO Neo12 ၏ အဓိက Spec များကို တရားဝင်ထုတ်ပြန်

iQOO Neo12 ၏ အဓိက spec များကို တရားဝင်ထုတ်ပြန်လိုက်ပြီး powerful processor၊ စွမ်းအားကောင်း battery နှင့် fast charging technology များ ပါဝင်မှာဖြစ်ပါတယ်။

၁၃/၁၀/၂၀၂၆
  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများဆက်သွယ်ရန်

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.comWebsite by RFOX Media