တရုတ်နိုင်ငံရဲ့ short-video platform တွေမှာ Xiaohai လို့ခေါ်တဲ့ AI နဲ့ ဖန်တီးထားတဲ့ ကောင်လေးတွေဟာ သက်ကြီးရွယ်အိုတွေဆီကနေ ငွေလိမ်ယူဖို့အတွက် ဝမ်းနည်းစရာ ဇာတ်လမ်းတွေ ဖန်တီးပြီး နာမည်ကြီးနေပါတယ်။ အဲဒီလူတွေဟာ AI ကိုသုံးပြီး ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားလေးတွေ ငိုကြွေးနေတဲ့ ဗီဒီယိုအတုတွေ ဖန်တီးကာ တစ်ရက်ကို ယွမ် ၂,၀၀၀ ကနေ ၃,၀၀၀ အထိ အကျိုးအမြတ်တွေ ရရှိနေပါတယ်။

အဲဒီ ဗီဒီယိုတွေဟာ အထီးကျန်နေတဲ့ လူလတ်ပိုင်းနဲ့ သက်ကြီးရွယ်အိုတွေကို အဓိက ပစ်မှတ်ထားပြီး သူတို့ရဲ့ သနားကြင်နာစိတ်ကို အသုံးချနေတာ ဖြစ်ပါတယ်။ ကြည့်ရှုသူတွေဟာ ဈေးတင်ရောင်းချနေတဲ့ ကျန်းမာရေး ဖြည့်စွက်စာတွေနဲ့ အိမ်သုံးပစ္စည်းတွေကို ဝယ်ယူဖို့ လှည့်စားခံနေရပြီး အသက် ၇၉ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးဆိုရင် အဲဒီ AI ကောင်လေးကို အပြင်မှာ သွားတွေ့ဖို့ ရထားနဲ့ ခရီးထွက်ခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဥပဒေပညာရှင်တွေကတော့ အခုလို ဇာတ်လမ်းတွေ ဖန်တီးပြီး လိမ်လည်ရောင်းချနေတာဟာ လိမ်လည်မှုမြောက်နိုင်တယ်လို့ သတိပေးထားပြီး လက်ရှိမှာတော့ သက်ဆိုင်ရာ ဗီဒီယိုအများစုကို ဖြုတ်ချထားပါတယ်။ ဒါ့အပြင် နည်းပညာကျွမ်းကျင်သူ တချို့ကလည်း သူတို့ရဲ့ မိဘတွေကို သတိပေးဖို့နဲ့ အဲဒီ လိမ်လည်မှုတွေကို ဖော်ထုတ်ဖို့ Evil Xiaohai ဆိုတဲ့ သရော်စာ ဗီဒီယိုတွေကို ပြန်လည် ဖန်တီးနေကြပါတယ်။
Ref : South China Morning Post




