Android Authority ၏ သတင်းအရ ဈေးချိုအဆင့် Android ဖုန်းအချို့ကို RAM 4GB သာ ပါဝင်အောင် ထုတ်လုပ်ရန် ကုမ္ပဏီအချို့က စဉ်းစားနေကြောင်း သိရပါတယ်။ ယခုအချိန်တွင် ဈေးချိုဖုန်းများတွင်ပင် RAM 6GB သို့မဟုတ် 8GB အထိ ထည့်သွင်းပေးလာကြသော်လည်း AI ဖီချာများ ပိုမို ထည့်သွင်းလာရသည်နှင့်အမျှ ကုန်ကျစရိတ် မျှတရေးအတွက် RAM ကို ပြန်လည် လျှော့ချရန် အစီအစဉ်များ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။

On-device AI ဖီချာများဖြစ်သော ဓာတ်ပုံပြုပြင်ခြင်း၊ စကားပြန်ဘာသာပြန်ခြင်းနှင့် AI chatbot ကဲ့သို့သော function များသည် chip ထဲတွင် NPU (Neural Processing Unit) ပါဝင်မှုကို လိုအပ်စေပြီး ၎င်းကြောင့် overall production cost တက်လာနေပါတယ်။ ထို့ကြောင့် manufacturer များသည် RAM ပမာဏကို လျှော့ချကာ AI chip အစိတ်အပိုင်းများအတွက် ဘတ်ဂျက်ကို ပြန်ညှိနေကြောင်း သတင်းတွင် ဖော်ပြထားပါတယ်။

Myanmar ဈေးကွက်တွင် တရုတ်ထုတ် ဈေးချိုဖုန်းများက ဈေးကွက်ကို လွှမ်းမိုးနေသည့်အတွက် ဒီလျှော့ချမှုသည် ဒေသခံ စားသုံးသူများအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိနိုင်ပါတယ်။ RAM ပမာဏ လျော့နည်းလာခြင်းသည် multitasking performance ကို ထိခိုက်စေနိုင်သောကြောင့် ဖုန်းဝယ်ယူသူများအနေနှင့် spec sheet ကို ဂရုတစိုက် စစ်ဆေးရန် လိုအပ်လာမှာပဲ ဖြစ်ပါတယ်။