အဓိကအကြောင်းအရာသို့ သွားရန်
MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
EN
အားသွင်းထားတဲ့ Samsung Galaxy S25+ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွား
သတင်း
သတင်း၁၆ ဩဂုတ် ၂၀၂၆

အားသွင်းထားတဲ့ Samsung Galaxy S25+ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွား

မျှဝေရန်

<p>တရုတ်နိုင်ငံ ချင်းတောင်မြို့မှာ ဇူလိုင်လ ၃၁ ရက်နေ့ ညပိုင်းက အားသွင်းထားတဲ့ Samsung Galaxy S25+</p>

တရုတ်နိုင်ငံ ချင်းတောင်မြို့မှာ ဇူလိုင်လ ၃၁ ရက်နေ့ ညပိုင်းက အားသွင်းထားတဲ့ Samsung Galaxy S25+ ဖုန်းတစ်လုံးဟာ ရုတ်တရက် ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ဖုန်းပိုင်ရှင်ရဲ့ ဇနီးဖြစ်သူ အိပ်ရာဝင်ချိန်မှာ အားသွင်းခဲ့တာဖြစ်ပြီး အသံကျယ်ကြီးထွက်လာကာ မီးခိုးတွေ ထွက်လာခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။

အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဖုန်းပိုင်ရှင်က Samsung ကုမ္ပဏီကို တိုင်ကြားခဲ့ရာမှာ ကုမ္ပဏီဘက်က ဖုန်းကို တောင်ကိုရီးယားနိုင်ငံကို ပို့ဆောင်စစ်ဆေးခဲ့ပါတယ်။ ဩဂုတ်လ ၁၂ ရက်နေ့မှာတော့ ဖုန်းဟာ အရင်က ပြုတ်ကျထားတဲ့အတွက် ဘက်ထရီမှာ အပေါက်ဖြစ်နေပြီး အားသွင်းချိန်မှာ မီးလောင်ရတာလို့ ဆမ်ဆောင်းက ကောက်ချက်ချခဲ့ပါတယ်။ ဒါကြောင့် သုံးစွဲသူရဲ့ ပေါ့ဆမှုသာဖြစ်တယ်လို့ သတ်မှတ်ပြီး လျော်ကြေးပေးဖို့ကိုလည်း ငြင်းဆန်ခဲ့ပါတယ်။

ဖုန်းပိုင်ရှင်ကတော့ ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ကို လက်မခံဘဲ ကျောဘက်မှန်ကွဲသွားတာဟာ ပြုတ်ကျလို့မဟုတ်ဘဲ ဘက်ထရီပေါက်ကွဲမှုကြောင့်သာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ သူက အသေးစိတ် စစ်ဆေးမှုမှတ်တမ်းကို တောင်းဆိုခဲ့ပေမယ့် Samsung ဘက်က ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

Ref : Gizmochina

မျှဝေရန်

ဆက်စပ်ဆောင်းပါးများ

Sam Altman က AI ရဲ့ အကျိုးကျေးဇူးအများကြီးအတွက် ဆိုးကျိုးအချို့ကို လက်ခံသင့်တယ်လို့ ပြော

<p>OpenAI ရဲ့ အမှုဆောင်ချုပ် Sam Altman က ကမ္ဘာကြီးအနေနဲ့ AI နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို</p>

၁၂/၁၀/၂၀၂၆

ဥရောပမှာ Full Self-Driving ကို အမည်ပြောင်းလဲလိုက်တဲ့  Tesla

<p>တက်စလာက ဥရောပဝဘ်ဆိုက်တွေမှာ အသုံးပြုနေတဲ့ Full Self-Driving ဆိုတဲ့ အမည်ကို Tesla Assisted Driving</p>

၁၂/၁၀/၂၀၂၆

Oppo Find N7 ၏ ကင်မရာနှင့် ဒစ်စပလေး အချက်အလက်များ ပေါက်ကြား

Oppo Find N7 ဖုန်းအတွက် ကင်မရာစနစ်နှင့် ဒစ်စပလေးဆိုင်ရာ အသစ်သော သတင်းအချက်အလက်များ GSMArena မှတဆင့် ပေါက်ကြားလာပါတယ်။

၁၂/၁၀/၂၀၂၆
  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများဆက်သွယ်ရန်

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.comWebsite by RFOX Media