Apple ကုမ္ပဏီက တောင်ကိုရီးယားနိုင်ငံအတွက် ဖန်တီးထားတဲ့ ၂၀၂၆ iPad mini ကြော်ငြာပုံမှာ စက်ကို လက်မနဲ့ လက်ညှိုးကြား ညှပ်ကိုင်ထားတဲ့ လက်ဟန်အမူအရာကို ဖယ်ရှားလိုက်ပါတယ်။ ထိုင်းနဲ့ အမေရိကန်အပါအဝင် တခြားနိုင်ငံတွေမှာတော့ iPad mini ရဲ့ ၅ ဒသမ ၄ မီလီမီတာ အထူကို ပြသဖို့အတွက် အဲဒီလို ညှပ်ကိုင်ထားတဲ့ပုံကို အသုံးပြုထားပါတယ်။


တောင်ကိုရီးယားမှာတော့ အဲဒီလို လက်မနဲ့ လက်ညှိုးကို နီးကပ်စွာထားတဲ့ jipge-son လို့ခေါ်တဲ့ လက်ဟန်အမူအရာဟာ အမျိုးသားတွေရဲ့ လိင်အင်္ဂါအရွယ်အစားကို လှောင်ပြောင်တာလို့ အွန်လိုင်းအုပ်စုအချို့က ယူဆကြတဲ့အတွက် အခုလို ဖယ်ရှားလိုက်တာဖြစ်ပါတယ်။ အရင်ကလည်း ဒီလက်ဟန်အမူအရာကြောင့် တခြားကုမ္ပဏီတွေရဲ့ ကြော်ငြာတွေမှာ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။


Apple အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင် ရှင်းလင်းချက် မထုတ်ပြန်သေးပေမယ့် အငြင်းပွားမှုတွေကို ရှောင်ရှားဖို့အတွက် အခုလို ပြောင်းလဲခဲ့တာလို့ ခန့်မှန်းရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလတုန်းကလည်း အခြားနိုင်ငံတွေမှာ ပြသခဲ့တဲ့ iPhone Air ကြော်ငြာတွေမှာ လက်ဟန်အမူအရာပါဝင်ပေမယ့် တောင်ကိုရီးယား ဝက်ဘ်ဆိုက်မှာတော့ လက်မပါဘဲ ပြသခဲ့ဖူးပါတယ်။

ref : Khaosod