လူတွေအနေနဲ့ ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို ပိုပြီး လွယ်လွယ်ကူကူ ရလာမယ့် အနာဂတ်တစ်ခု မရောက်ခင်၊ လာမယ့် အနှစ် ၂၀ အတွင်းမှာ AI ကြောင့် အလုပ်အကိုင် ဈေးကွက်တွေ ပြောင်းလဲသွားနိုင်တယ်လို့ ဘီလ်ဂိတ်က ပြောပါတယ်။

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့က လုပ်ခဲ့တဲ့ The Verge ရဲ့ Decoder podcast မှာ သူက အခုလို ပြောခဲ့တာပါ။ လက်ရှိ လူတွေ လုပ်နေတဲ့ အလုပ်တော်တော်များများကို AI က အစားထိုး နေရာယူလာနိုင်ပြီး၊ အကျိုးအမြတ် ရသူတွေ ရှိသလို နစ်နာသူတွေလည်း ရှိလာနိုင်တယ်လို့ သူက ဆိုပါတယ်။

Customer service၊ ဖုန်းနဲ့ ဈေးရောင်းတဲ့ အလုပ် (Telesales) နဲ့ စာရင်းကိုင် အလုပ်တွေမှာ လူတွေအစား AI က ဝင်လုပ်လာနိုင်တယ်လို့ သူက ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင် စက်ရုပ်တွေက အိမ်ဆောက်တာ၊ စိုက်ပျိုးရေး လုပ်တာနဲ့ ခွဲစိတ်ကုသတာတွေကိုပါ လုပ်လာနိုင်တယ်လို့လည်း ပြောပါတယ်။
AI နဲ့ စက်ရုပ်တွေကြောင့် ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေ ပိုပေါများလာပြီး ရယူသုံးစွဲရ ပိုလွယ်ကူလာနိုင်တယ်လို့ ဘီလ်ဂိတ်က ယုံကြည်ထားပါတယ်။ ဒါပေမဲ့ အဲဒီလို ပြောင်းလဲမှုတွေကြောင့် အလုပ်သမားတွေအတွက်တော့ အခက်အခဲတွေ ရှိလာနိုင်တယ်လို့ သူက သတိပေးထားပါတယ်။
Ref : Technology Innovation





