အဓိကအကြောင်းအရာသို့ သွားရန်
MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
EN
မထွက်သေးတဲ့ Apple ရဲ့ ခေါက်ဖုန်း iPhone Ultra ကို သိန်း ၆၀၀ ကျော် နဲ့ Caviar ရောင်းချ
သတင်း
သတင်း၄ ဇူလိုင် ၂၀၂၆

မထွက်သေးတဲ့ Apple ရဲ့ ခေါက်ဖုန်း iPhone Ultra ကို သိန်း ၆၀၀ ကျော် နဲ့ Caviar ရောင်းချ

မျှဝေရန်

<p>Apple က ခေါက်ဖုန်း ထုတ်လုပ်ဖို့ တရားဝင် အတည်မပြုရသေးပေမယ့် ဇိမ်ခံပစ္စည်း မွမ်းမံပြင်ဆင်တဲ့ Caviar ကုမ္ပဏီကတော့</p>

Apple က ခေါက်ဖုန်း ထုတ်လုပ်ဖို့ တရားဝင် အတည်မပြုရသေးပေမယ့် ဇိမ်ခံပစ္စည်း မွမ်းမံပြင်ဆင်တဲ့ Caviar ကုမ္ပဏီကတော့ Apple ရဲ့ ခေါက်ဖုန်းအတွက် Flagship collection အသစ်ကို ကြိုတင်ပြင်ဆင် ကြေညာလိုက်ပါတယ်။ (အဲဒီဖုန်းကို စက်တင်ဘာလမှာ ကြေညာမယ်လို့ သတင်းတွေ ထွက်နေပါတယ်။)

ဒီဇိုင်း မော်ဒယ် ၄ မျိုး ပါဝင်ပြီး မော်ဒယ်တစ်ခုစီကို အစုံရေ ၁၉ စုံစီပဲ ကန့်သတ်ထုတ်လုပ်သွားမှာ ဖြစ်ပြီး ဗားရှင်းအားလုံးရဲ့ အနောက်ဘက် panel မှာ သုံးဖက်မြင် (3D) Apple logo အလှဆင်ပါဝင်မှာ ဖြစ်ပါတယ်။

စျေးနှုန်းအသက်သာဆုံး Titan မော်ဒယ်ကို အမေရိကန်ဒေါ်လာ ၁၃,၈၄၀ နဲ့ စျေးနှုန်းသတ်မှတ်ထားပြီး titanium ကိုယ်ထည်နဲ့ မိကျောင်းသားရေ ပေါင်းစပ်ထားပါတယ်။

စပျစ်ဝိုင်ခရမ်းရောင် မိကျောင်းသားရေနဲ့ ရွှေအလှဆင်ထားတဲ့ Dark Cherry မော်ဒယ်ကတော့ ဒေါ်လာ ၁၄,၂၇၀ ရှိပြီး ငွေစင်နဲ့ ပြုလုပ်ထားတဲ့ Silver မော်ဒယ်ကတော့ ဒေါ်လာ ၁၅,၂၇၀ ကျသင့်မှာ ဖြစ်ပါတယ်။

စျေးအကြီးဆုံးကတော့ ကာဗွန်ဖိုင်ဘာပေါ်မှာ ရွှေမျှင်တွေနဲ့ ရက်လုပ်ထားပြီး ၁၈ ကာရက် ရွှေစင် logo ပါဝင်တဲ့ Gold မော်ဒယ်ဖြစ်ပြီး ဒေါ်လာ ၁၅,၅၆၀ စျေးရှိပါတယ်။ မြန်မာငွေနဲ့တွက်ရင် ဒေါ်လာ ၁၅,၀၀၀ ဟာ သိန်း ၆၀၀ ကျော် တန်ကြေးရှိပါတယ်။

လက်ရှိမှာတော့ Caviar ရဲ့ ဝက်ဘ်ဆိုက်မှာ Apple ရဲ့ ခေါက်ဖုန်း collection အတွက် စုံစမ်းမေးမြန်းမှုတွေကို လက်ခံနေပါတယ်။

Ref: gizmochina

မျှဝေရန်

ဆက်စပ်ဆောင်းပါးများ

BYD ရဲ့ ကားပြခန်းတွေမှာ ဧည့်သည်တွေကို လူတူစက်ရုပ်တွေက ကြိုဆိုတော့မည်

တရုတ်လျှပ်စစ်ကားကုမ္ပဏီကြီး BYD ဟာ စက်ရုံတွေနဲ့ ကားအရောင်းပြခန်းတွေမှာ အသုံးပြုဖို့အတွက် လူတူစက်ရုပ်ဒီဇိုင်းအသစ်ကို ပြသခဲ့ပါတယ်။

၁၃/၁၀/၂၀၂၆

OnePlus 16 ထွက်ရှိ၊ Snapdragon 8 Elite Extreme Gen 6 နှင့် 9,000 mAh ဘက်ထရီ ပါဝင်

OnePlus 16 ဖုန်းသစ်ကို Snapdragon 8 Elite Extreme Gen 6 chipset၊ 200MP camera နှင့် 9,000 mAh ဘက်ထရီတို့နှင့်အတူ စတင်မိတ်ဆက်လိုက်ပါပြီ။

၁၃/၁၀/၂၀၂၆

iQOO Neo12 ၏ အဓိက Spec များကို တရားဝင်ထုတ်ပြန်

iQOO Neo12 ၏ အဓိက spec များကို တရားဝင်ထုတ်ပြန်လိုက်ပြီး powerful processor၊ စွမ်းအားကောင်း battery နှင့် fast charging technology များ ပါဝင်မှာဖြစ်ပါတယ်။

၁၃/၁၀/၂၀၂၆
  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများဆက်သွယ်ရန်

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.comWebsite by RFOX Media