အဓိကအကြောင်းအရာသို့ သွားရန်
MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
EN
ကင်ဆာရောဂါကို တစ်ရက်အတွင်း ရှာဖွေနိုင်မယ့် ပထမဆုံး AI သုံး ကင်ဆာကာကွယ်ဆေး တရုတ်မှာ ထုတ်မည်
သတင်း
သတင်း၂ ဇူလိုင် ၂၀၂၆

ကင်ဆာရောဂါကို တစ်ရက်အတွင်း ရှာဖွေနိုင်မယ့် ပထမဆုံး AI သုံး ကင်ဆာကာကွယ်ဆေး တရုတ်မှာ ထုတ်မည်

မျှဝေရန်

<p>တရုတ်နိုင်ငံ ပေကျင်းမြို့မှာ နိုင်ငံရဲ့ ပထမဆုံး AI နည်းပညာ အကူအညီသုံး ကင်ဆာရောဂါ ကာကွယ်ဆေး ထုတ်လုပ်မှုကို</p>

တရုတ်နိုင်ငံ ပေကျင်းမြို့မှာ နိုင်ငံရဲ့ ပထမဆုံး AI နည်းပညာ အကူအညီသုံး ကင်ဆာရောဂါ ကာကွယ်ဆေး ထုတ်လုပ်မှုကို စတင် တည်ဆောက်နေပြီ ဖြစ်လို့ ကင်ဆာဝေဒနာရှင် သန်းပေါင်းများစွာအတွက် မျှော်လင့်ချက်အလင်းရောင် သစ်တွေ ထွက်ပေါ်လာပါတယ်။

အဲဒီ စီမံကိန်းကို Likang Life Sciences ကုမ္ပဏီက လုပ်ဆောင်နေတာ ဖြစ်ပြီး လာမယ့် အောက်တိုဘာလမှာ အပြီးသတ် ဖော်ဆောင်နိုင်ဖို့ မျှော်မှန်းထားပါတယ်။

အဲဒီ ဆေးဝါးသုတေသနနဲ့ ထုတ်လုပ်မှု စင်တာအတွက် စုစုပေါင်း ယွမ် ၁၁၀ သန်း (အမေရိကန်ဒေါ်လာ ၁၆.၁ သန်း) ခန့်အထိ အများအပြား ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။

အဲဒီ စက်ရုံရဲ့ ထူးခြားချက်ကတော့ ဆဲလ်ကုထုံးဆိုင်ရာ သုတေသန ဓာတ်ခွဲခန်းတွေနဲ့အတူ ကုမ္ပဏီရဲ့ အဓိက ထုတ်ကုန်ဖြစ်တဲ့ LK101 ကင်ဆာ ကာကွယ်ဆေး ထုတ်လုပ်မှုလိုင်း ပါဝင်လာမှာပဲ ဖြစ်ပါတယ်။

အဲဒီ ကာကွယ်ဆေးဟာ လူနာတစ်ဦးချင်းစီရဲ့ ကင်ဆာဆဲလ် DNA တွေကို ခွဲခြမ်းစိပ်ဖြာပြီး ရောဂါဖြစ်ပွားစေတဲ့ မျိုးရိုးဗီဇ ပြောင်းလဲမှုတွေကို တိတိကျကျ ရှာဖွေပေးမှာ ဖြစ်ပါတယ်။

အံ့ဩဖို့ကောင်းတာက AI နည်းပညာကို အသုံးပြုထားတာကြောင့် အရင်က အချိန်အများကြီးပေးရတဲ့ အဲဒီ လုပ်ငန်းစဉ်တစ်ခုလုံးကို တစ်ရက်အတွင်းမှာတင် အပြီးသတ် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းဟာ ဆေးဝါးလုပ်ငန်း ကဏ္ဍမှာ AI နည်းပညာကို အသုံးပြုလာတဲ့ ကမ္ဘာ့အပြောင်းအလဲကြီးတစ်ခုကို ပြသနေတာလည်း ဖြစ်ပါတယ်။

Bank of America ရဲ့ ခန့်မှန်းချက်အရ ကမ္ဘာ့ AI ကျန်းမာရေးစောင့်ရှောက်မှု ဈေးကွက်ဟာ ၂၀၃၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁ ထရီလီယံကျော်အထိ ဗုံးပေါက်သလို ထိုးတက်လာနိုင်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံမှာ ကင်ဆာရောဂါဟာ ဒုတိယမြောက် သေဆုံးမှု အများဆုံး ရောဂါဖြစ်တာကြောင့် အခုလို AI နဲ့ ကင်ဆာကို တိုက်ဖျက်မယ့် နည်းပညာဟာ လူနာတွေအတွက် တကယ့်ကို အားကိုးစရာ ဖြစ်လာမှာပါ။

Ref: South China Morning Post

မျှဝေရန်

ဆက်စပ်ဆောင်းပါးများ

Sam Altman က AI ရဲ့ အကျိုးကျေးဇူးအများကြီးအတွက် ဆိုးကျိုးအချို့ကို လက်ခံသင့်တယ်လို့ ပြော

<p>OpenAI ရဲ့ အမှုဆောင်ချုပ် Sam Altman က ကမ္ဘာကြီးအနေနဲ့ AI နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို</p>

၁၂/၁၀/၂၀၂၆

ဥရောပမှာ Full Self-Driving ကို အမည်ပြောင်းလဲလိုက်တဲ့  Tesla

<p>တက်စလာက ဥရောပဝဘ်ဆိုက်တွေမှာ အသုံးပြုနေတဲ့ Full Self-Driving ဆိုတဲ့ အမည်ကို Tesla Assisted Driving</p>

၁၂/၁၀/၂၀၂၆

Oppo Find N7 ၏ ကင်မရာနှင့် ဒစ်စပလေး အချက်အလက်များ ပေါက်ကြား

Oppo Find N7 ဖုန်းအတွက် ကင်မရာစနစ်နှင့် ဒစ်စပလေးဆိုင်ရာ အသစ်သော သတင်းအချက်အလက်များ GSMArena မှတဆင့် ပေါက်ကြားလာပါတယ်။

၁၂/၁၀/၂၀၂၆
  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများဆက်သွယ်ရန်

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.comWebsite by RFOX Media