လူသားတွေရဲ့ အိမ်သန့်ရှင်းရေးလုပ်ငန်းတွေမှာ တကယ့်လူသားတွေလိုမျိုး ကိုယ်တိုင်လုပ်ကိုင်ဆောင်ရွက်နိုင်မယ့် လူတူစက်ရုပ်အသစ်တွေကို ဆန်ဖရန်စစ်စကိုမြို့မှာ စတင်မိတ်ဆက်လာကြပါပြီ။

 

Tau Robotics   ကုမ္ပဏီရဲ့ အဲဒီဝန်ဆောင်မှုမှာ Bolo နဲ့ Sergey လို့ခေါ်တဲ့ စက်ရုပ်နှစ်ရုပ်က အိမ်သန့်ရှင်းရေးလုပ်ငန်းတွေကို ဝင်ရောက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အဲဒီစက်ရုပ်တွေရဲ့ တစ်နာရီလုပ်ခက ဒေါ်လာ ၆၀ ဖြစ်ပြီး Unitree ဟာ့ဒ်ဝဲကို အခြေခံထားကာ တစ်ရုပ်ကို တန်ဖိုး ဒေါ်လာ ၅၅,၀၀၀ ရှိပါတယ်။

 

အဲဒီစက်ရုပ်တွေဟာ ကြမ်းတိုက်တာနဲ့ ပန်းကန်ဆေးစက်ထဲ ပန်းကန်ထည့်တာတွေကို အတော်လေး လုပ်ဆောင်နိုင်ပေမဲ့ အဝတ်လျှော်တာနဲ့ နူးညံ့တဲ့ပစ္စည်းတွေကို ကိုင်တွယ်တာမှာတော့ အခက်အခဲရှိနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဝေးထိန်းစနစ်နဲ့ လူကိုယ်တိုင် ထိန်းချုပ်ပေးနေရတာကြောင့် ကိုယ်တိုင်လည်ပတ်နိုင်ခြင်း မရှိသေးဘဲ လက်ရှိမှာ စမ်းသပ်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

 

လက်ရှိမှာ အဲဒီဝန်ဆောင်မှုကို ဆန်ဖရန်စစ်စကိုမှာ အကန့်အသတ်နဲ့ ပြုလုပ်ပေးနေပြီး သန့်ရှင်းရေးလုပ်တဲ့ အချိန်မှာ နေအိမ်မှာ လူကြီးတစ်ယောက်ရှိနေရမှာ ဖြစ်ပါတယ်။ အနာဂတ်မှာတော့ လူတူစက်ရုပ်တွေဟာ လူတွေက ထိန်းချုပ်စရာ မလိုဘဲ နေအိမ်တွေကို သန့်ရှင်းရေးပြုလုပ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

Ref : Technology Innovation