ဟောင်ကောင်အမျိုးသားတစ်ဦးက သူ့ချစ်သူဖောက်ပြန်နေတာကို သိရှိသွားပြီးနောက် ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ အံ့အားသင့်စရာအဖြစ် ဖန်တီးကာ သက်သေတွေထုတ်ပြခဲ့တဲ့ ရုပ်သံဗီဒီယိုတစ်ခု အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ အဲဒီအမျိုးသားက ချစ်သူဖြစ်သူအိပ်ပျော်နေချိန် ဖုန်းကိုစစ်ဆေးရာကနေ သူမအလုပ်လုပ်တဲ့ စားသောက်ဆိုင်နဲ့သက်ဆိုင်တဲ့ အမျိုးသားတစ်ဦးနဲ့ ဖောက်ပြန်နေတဲ့ အထောက်အထားတွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

 

သူက ဒီကိစ္စကို ချက်ချင်းမဖွင့်ဟဘဲ ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့ရောက်တဲ့အထိ လျှို့ဝှက်ထားခဲ့ပါတယ်။ အဲဒီနေ့ရောက်တော့ ချစ်သူကို ပင်လယ်ကမ်းခြေကိုခေါ်သွားပြီး မျက်လုံးကိုအဝတ်နဲ့စည်းကာ အံ့အားသင့်စရာအစီအစဉ်အဖြစ် ဟန်ဆောင်ခဲ့ပါတယ်။ မျက်လုံးဖွင့်ကြည့်လိုက်ချိန်မှာတော့ ဖောက်ပြန်ထားတဲ့ ချက်တင်စာတိုတွေပြသထားတဲ့ ဖုန်းကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

 

အမျိုးသမီးက အစပိုင်းမှာ ပြုံးပြီး ငြင်းဆန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အွန်လိုင်းပေါ်မှာပါ ဒီအကြောင်းက ပျံ့နှံ့သွားခဲ့ပါတယ်။ တတိယလူလို့ စွပ်စွဲခံရတဲ့ အမျိုးသားက Sham Shui Po ဒေသရှိ စားသောက်ဆိုင်တစ်ခုရဲ့ အစုရှယ်ယာရှင် ၃ ဦးထဲက တစ်ဦးဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် သူ့ကို ရာထူးအားလုံးကနေ ချက်ချင်းထုတ်ပယ်လိုက်ပြီလို့ အဲဒီစားသောက်ဆိုင်က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

 

Ref : Khaosod