Apple က  ခေါက်ဖုန်း ဈေးကွက်ထဲကို ပထမဆုံးအကြိမ် ဝင်ရောက်လာတာဟာ Android Foldables  ဖုန်းတွေအတွက်ပါ အပြုသဘောဆောင်တဲ့ ရိုက်ခတ်မှုတွေ ရှိလာစေပါတယ်။ အဲဒီလို ထွက်ရှိလာမှုကြောင့် Samsung ရဲ့ Galaxy Z Fold 8 အပေါ် လူစိတ်ဝင်စားမှုတွေဟာ သိသိသာသာကို ပိုမိုမြင့်တက်လာတယ်လို့ ကုမ္ပဏီဘက်က ပြောပါတယ်။

 iphone duo-galaxy z fold8

ဖော်ဘ်စ် သတင်းဌာနနဲ့ တွေ့ဆုံရာမှာ Samsung UK ရဲ့ မိုဘိုင်းဆိုင်ရာ ဒုတိယဥက္ကဋ္ဌက အဲဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ iPhone Duo ထွက်ရှိလာပြီးနောက်ပိုင်း Galaxy Z Fold 8 ရဲ့ ဝယ်ယူလိုအားတွေ တက်လာခဲ့သလို ဂူဂဲလ်မှာ ရှာဖွေမှုတွေလည်း ၃၀၀ ရာခိုင်နှုန်းအထိ ပိုမိုများပြားလာခဲ့တယ်လို့ ဆိုပါတယ်။

 iphone duo-galaxy z fold8

Apple ရဲ့ သစ္စာရှိတဲ့ ပရိသတ်အုပ်စုကြီးကြောင့် အခုလို Foldable ဖုန်းတွေအပေါ် လူအများရဲ့ စိတ်ဝင်စားမှု ပိုများလာတာဖြစ်ပါတယ်။ လက်ရှိမှာ Galaxy Z Fold 8 ဟာ အမေဇုန်မှာ  ၁,၆၉၉ ဒေါ်လာနဲ့ ရရှိနိုင်ပြီး iPhone Duo ထက် ဒေါ်လာ ၃၀၀ ပိုနည်းပါတယ်။ Samsung ရဲ့ အခြားသော လျှော့ဈေးအစီအစဉ်တွေလည်း ရှိနေတာကြောင့် Android ဘက်ကို လှည့်လာမယ့်သူတွေအတွက် အကောင်းဆုံး ရွေးချယ်စရာတစ်ခု ဖြစ်လာပါတယ်။

Ref : 9to5google