NVIDIA ကုမ္ပဏီဟာ သူတို့ရဲ့ ပူးတွဲတည်ထောင်သူ Jensen Huang ရာထူးမှ နုတ်ထွက်သွားပြီး ၁၁ ရက်အကြာမှာ Huang ကို ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် (CEO) အဖြစ် ပြန်လည်ခန့်အပ်လိုက်ကြောင်း တရားဝင် ကြေညာလိုက်ပါတယ်။

ကုမ္ပဏီအနေနဲ့ ဒီဆုံးဖြတ်ချက်ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး၊ ကုမ္ပဏီ ဒါရိုက်တာဘုတ်အဖွဲ့က Huang ကို ပြန်လည်ခေါ်ယူဖို့ တညီတညွတ်တည်း မဲပေးဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ချက်ချင်းအကျုံးဝင်မှာဖြစ်ပြီး၊ Jensen Huang ဟာ ကုမ္ပဏီရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ်လည်း ပြန်လည်ဝင်ရောက်လာပြီဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ဒါရိုက်တာဘုတ်အဖွဲ့ရဲ့ ယခင်ရပ်တည်ချက်ကို ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၇ ရက်နေ့က ဘုတ်အဖွဲ့ဥက္ကဋ္ဌ Harvey C. Jones က NVIDIA အနေဖြင့် Jensen Huang ကို ပြန်လည်ခေါ်ယူရန် အစီအစဉ်မရှိကြောင်းနဲ့ Huang ရဲ့ နေရာမှာ အစားထိုးမဲ့သူအသစ်ကို ရှာဖွေသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။

Jensen Huang ဟာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးတွေနဲ့ ပတ်သက်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် ကုမ္ပဏီရဲ့ ကျင့်ဝတ်စည်းမျဉ်းများနဲ့ ပတ်သက်ပြီး စိုးရိမ်မှုများ ရှိလာခဲ့တာကြောင့် နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ရာထူးက နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ NVIDIA ရဲ့ ဘဏ္ဍာရေးအရာရှိချုပ် (CFO) ဖြစ်သူ Colette Kress ကို ယာယီ CEO အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။

Jensen Huang နဲ့ ဆွေးနွေးပြောဆိုပြီးနောက်၊ ဘုတ်အဖွဲ့က Huang ၏ ရိုးသားမှုနဲ့ ကုမ္ပဏီကို ဦးဆောင်နိုင်စွမ်းအပေါ် ကျေနပ်အားရမှုရှိကြောင်း ပြောကြားခဲ့ပါတယ်။။ ဒါ့အပြင် အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိကြီးတွေနဲ့ တိုင်ပင်ဆွေးနွေးခဲ့ရာမှာလည်း Huang ပြန်လာခြင်းကို တားမြစ်ရမဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြောင်းပြချက်မျိုး မတွေ့ရှိရကြောင်း ဘုတ်အဖွဲ့က ပြောပါတယ်။

 

ဒါပေမဲ့ Jensen Huang အနေနဲ့ နိုင်ငံခြားထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခုရဲ့ ပစ်မှတ်ထားခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုကတော့ ဆက်လက်လုပ်ဆောင်ဆဲ ဖြစ်ပါတယ်။

Colette Kress က သူ့ရဲ့ မူလတာဝန်ဖြစ်တဲ့ ဘဏ္ဍာရေးအရာရှိချုပ် (CFO) ရာထူးကို ပြန်လည်ထမ်းဆောင်မှာဖြစ်ပြီး၊ Harvey C. Jones ကတော့ ဘုတ်အဖွဲ့ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူသွားမယ်လို့ သိရပါတယ်။

ရင်းမြစ် - NVIDIA ၏ တရားဝင်ကြေညာချက်နှင့် SEC (အမေရိကန် ငွေချေးသက်သေခံလက်မှတ်နှင့် လဲလှယ်မှုကော်မရှင်) ထံ တင်ပြသည့်စာရွက်စာတမ်းများ၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်။