အမေရိကန်ပြည်ထောင်စုက ကလေးငယ် ၁၀,၅၈၈ ဦးကို လေ့လာခဲ့တဲ့ သုတေသနတစ်ခုအရ အသက် ၁၂ နှစ်အရွယ်မှာ ကိုယ်ပိုင်စမတ်ဖုန်းရှိတဲ့ ကလေးတွေဟာ စိတ်ဓာတ်ကျခြင်း၊ အဝလွန်ခြင်းနဲ့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေ ကြုံတွေ့ရနိုင်ခြေ ပိုများတယ်လို့ တွေ့ရှိခဲ့ပါတယ်။

 

၂၀၂၅ ခုနှစ် ဒီဇင်ဘာလက Pediatrics ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ အဲဒီသုတေသနမှာ စမတ်ဖုန်းပိုင်ဆိုင်တဲ့ ကလေးတွေနဲ့ မပိုင်ဆိုင်တဲ့ ကလေးတွေကို နှိုင်းယှဉ်လေ့လာခဲ့တာ ဖြစ်ပါတယ်။ ရလဒ်တွေအရ စမတ်ဖုန်းပိုင်ဆိုင်တဲ့ ကလေးတွေဟာ စိတ်ဓာတ်ကျနိုင်ခြေ ၃၁ ရာခိုင်နှုန်း၊ အဝလွန်နိုင်ခြေ ၄၀ ရာခိုင်နှုန်းနဲ့ အိပ်ရေးမဝနိုင်ခြေ ၆၂ ရာခိုင်နှုန်း ပိုများနေတာကို တွေ့ရှိခဲ့ပါတယ်။

 

ဒါ့အပြင် ၂၀၂၆ ခုနှစ် ဩဂုတ်လက JAMA Pediatrics ဂျာနယ်မှာ ထုတ်ပြန်ခဲ့တဲ့ ဒုတိယမြောက် လေ့လာမှုအရလည်း စမတ်ဖုန်းပိုင်ဆိုင်ရုံနဲ့တင် အိပ်ရေးမဝတာနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ အဲဒီလေ့လာမှုမှာ ဖုန်းအသုံးပြုချိန် ပိုများတဲ့ ကလေးတွေဟာ စိတ်ဓာတ်ကျခြင်း၊ အဝလွန်ခြင်းနဲ့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ခြေ ပိုမိုမြင့်မားနေတယ်လို့ ဖော်ပြထားပါတယ်။

 

Ref : Technology Innovation