အဓိကအကြောင်းအရာသို့ သွားရန်
MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
EN
အသက် ၂၅ နှစ်အရွယ် CEO ရဲ့ AI Startup လုပ်ငန်းကို SpaceX ကုမ္ပဏီက ဒေါ်လာ ၆၀ ဘီလီယံနဲ့ ဝယ်ယူ
သတင်း
သတင်း၁၈ ဇွန် ၂၀၂၆

အသက် ၂၅ နှစ်အရွယ် CEO ရဲ့ AI Startup လုပ်ငန်းကို SpaceX ကုမ္ပဏီက ဒေါ်လာ ၆၀ ဘီလီယံနဲ့ ဝယ်ယူ

မျှဝေရန်

<p>အီလွန်မတ်စ်ရဲ့ အာကာသနည်းပညာကုမ္ပဏီဖြစ်တဲ့ SpaceX ဟာ အသက် ၂၅ နှစ်အရွယ် မိုက်ကယ်ထရူးလ် (Michael Truell)</p>

အီလွန်မတ်စ်ရဲ့ အာကာသနည်းပညာကုမ္ပဏီဖြစ်တဲ့ SpaceX ဟာ အသက် ၂၅ နှစ်အရွယ် မိုက်ကယ်ထရူးလ် (Michael Truell) တည်ထောင်ထားတဲ့ Cursor အမည်ရ AI ကုဒ်ရေးဆော့ဖ်ဝဲ Startup ကို ဒေါ်လာ ၆၀ ဘီလီယံနဲ့ ဝယ်ယူဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။ အဲဒီဝယ်ယူမှုကြောင့် ကုမ္ပဏီပူးတွဲတည်ထောင်သူနဲ့ CEO ဖြစ်တဲ့ မိုက်ကယ်ထရူးလ်ဟာ AI ခေတ်ရဲ့ အသက်အငယ်ဆုံး ကိုယ်ဒူးကိုယ်ချွန် ဘီလီယံနာတွေထဲက တစ်ဦး ဖြစ်လာပါတယ်။

ဒီသဘောတူညီချက်အရ Cursor ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Anysphere ဟာ SpaceX ရဲ့ ရာနှုန်းပြည့်ပိုင်ဆိုင်တဲ့ လက်အောက်ခံကုမ္ပဏီတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ SpaceX အနေနဲ့ Cursor ကို ၎င်းရဲ့ ဂေဟစနစ်ထဲကို ထည့်သွင်းလိုက်ခြင်းအားဖြင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံး AI ဆော့ဖ်ဝဲပလက်ဖောင်းတွေထဲက တစ်ခုကို ရယူအသုံးပြုနိုင်မှာ ဖြစ်သလို xAI ရဲ့ ကွန်ပျူတာစနစ်တွေနဲ့ ပေါင်းစပ်ပြီး OpenAI ရဲ့ Codex နဲ့ Anthropic ရဲ့ Claude Code တို့လို ပြိုင်ဘက်တွေကို စိန်ခေါ်နိုင်မှာ ဖြစ်ပါတယ်။

Cursor ကုမ္ပဏီဟာ ၂၀၂၂ ခုနှစ်မှာ MIT က ကျောင်းနေဖက်တွေ ပူးပေါင်းပြီး စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ပထမတော့ စက်မှုအင်ဂျင်နီယာတွေအတွက် AI အထောက်အကူပြုကိရိယာအဖြစ် ရည်ရွယ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဆော့ဖ်ဝဲရေးဆွဲမှုဘက်ကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ အရှိန်အဟုန်နဲ့ အောင်မြင်လာခဲ့ပြီး Fortune 500 စာရင်းဝင် ကုမ္ပဏီအများစုဖြစ်တဲ့ Nvidia၊ Adobe၊ Salesforce နဲ့ Samsung တို့လို လုပ်ငန်းကြီးတွေမှာ အကြီးအကျယ် အသုံးပြုနေကြပါတယ်။

Ref: ndtv

မျှဝေရန်

ဆက်စပ်ဆောင်းပါးများ

Sam Altman က AI ရဲ့ အကျိုးကျေးဇူးအများကြီးအတွက် ဆိုးကျိုးအချို့ကို လက်ခံသင့်တယ်လို့ ပြော

<p>OpenAI ရဲ့ အမှုဆောင်ချုပ် Sam Altman က ကမ္ဘာကြီးအနေနဲ့ AI နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို</p>

၁၂/၁၀/၂၀၂၆

ဥရောပမှာ Full Self-Driving ကို အမည်ပြောင်းလဲလိုက်တဲ့  Tesla

<p>တက်စလာက ဥရောပဝဘ်ဆိုက်တွေမှာ အသုံးပြုနေတဲ့ Full Self-Driving ဆိုတဲ့ အမည်ကို Tesla Assisted Driving</p>

၁၂/၁၀/၂၀၂၆

Oppo Find N7 ၏ ကင်မရာနှင့် ဒစ်စပလေး အချက်အလက်များ ပေါက်ကြား

Oppo Find N7 ဖုန်းအတွက် ကင်မရာစနစ်နှင့် ဒစ်စပလေးဆိုင်ရာ အသစ်သော သတင်းအချက်အလက်များ GSMArena မှတဆင့် ပေါက်ကြားလာပါတယ်။

၁၂/၁၀/၂၀၂၆
  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများဆက်သွယ်ရန်

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.comWebsite by RFOX Media