Meta က တစ်ကိုယ်ရေသုံးနဲ့ လုပ်ငန်းသုံး ရှုပ်ထွေးတဲ့ တာဝန်တွေကို အထူးစွမ်းဆောင်နိုင်မယ့် Muse Wonder နဲ့ Muse Wonder Full   လို့ခေါ်တဲ့ ဉာဏ်ရည်တု မော်ဒယ်အသစ်တွေကို အသစ်ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ အဲဒီမော်ဒယ်တွေဟာ ရှုပ်ထွေးပြီး အဆင့်များတဲ့ လုပ်ငန်းဆောင်တာတွေမှာ AI Agent တွေရဲ့ စွမ်းရည်ကို ပိုမိုကောင်းမွန်လာစေဖို့ ရည်ရွယ်ပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။

 

အဲဒီမော်ဒယ်အသစ်တွေဟာ ကုဒ်ရေးတာ၊ ဥပဒေရေးရာ၊ ဘဏ္ဍာရေးနဲ့ ကျန်းမာရေး စတဲ့ အထူးပြုနယ်ပယ်တွေမှာ အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ ဖန်တီးထားတာ ဖြစ်ပါတယ်။ စကားပြောဆိုမှုတွေတစ်လျှောက် အသုံးပြုသူရဲ့ အချက်အလက်တွေကို မှတ်သားပေးမယ့် Active Memory နဲ့ အမှားတွေကို ကိုယ်တိုင်ပြင်ဆင်ပြီး နည်းလမ်းအသစ်နဲ့ ပြန်ကြိုးစားနိုင်မယ့် Active Focus စတဲ့ ထူးခြားတဲ့ အင်္ဂါရပ်တွေ ပါဝင်ပါတယ်။

 

ဒါ့အပြင် လုံခြုံရေးအတွက် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ထိန်းချုပ်ဖို့ ကာကွယ်ရေးစနစ်တွေ ထည့်သွင်းပေးထားပါတယ်။ အဲဒီထဲမှာမှ Muse Wonder မော်ဒယ်ကတော့ အန္တရာယ်ရှိတဲ့ လုပ်ဆောင်ချက်တွေ လုံးဝမပါဝင်ဘဲ အလွန်လုံခြုံစိတ်ချရတဲ့ မော်ဒယ်တစ်ခုအနေနဲ့ ရပ်တည်နေပါတယ်။

Ref : scworld