အဓိကအကြောင်းအရာသို့ သွားရန်
MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
EN
AI ကြောင့် Meta ဝန်ထမ်း ၈,၀၀၀ ကို ထပ်မံလျှော့ချမည်
သတင်း
သတင်း၁၄ မေ ၂၀၂၆

AI ကြောင့် Meta ဝန်ထမ်း ၈,၀၀၀ ကို ထပ်မံလျှော့ချမည်

မျှဝေရန်

<p>Meta ကုမ္ပဏီဟာ လာမယ့် မေလ ၂၀ ရက်နေ့မှာ ဝန်ထမ်းအင်အား ၈,၀၀၀ ကို ထပ်မံလျှော့ချတော့မှာ</p>

Meta ကုမ္ပဏီဟာ လာမယ့် မေလ ၂၀ ရက်နေ့မှာ ဝန်ထမ်းအင်အား ၈,၀၀၀ ကို ထပ်မံလျှော့ချတော့မှာ ဖြစ်ပါတယ်။ အဲဒီလို လျှော့ချရတာဟာ ကုန်ကျစရိတ်သက်သာဖို့ထက် ကုမ္ပဏီရဲ့ဖွဲ့စည်းပုံကို AI နည်းပညာသုံး အဖွဲ့ငယ်လေးတွေနဲ့ ပြန်လည်ပြင်ဆင်ဖို့အတွက် ဖြစ်တယ်လို့ CEO Mark Zuckerberg က ပြောပါတယ်။

အရင်က အင်ဂျင်နီယာအယောက် ၅၀ လောက် လုပ်ခဲ့ရတဲ့အလုပ်တွေကို အခုအခါမှာတော့ AI ကူညီမှုနဲ့ ဝန်ထမ်းတစ်ဦး ဒါမှမဟုတ် နှစ်ဦးတည်းနဲ့ တစ်ပတ်အတွင်း ပြီးအောင်လုပ်နိုင်လာတာကြောင့် အခုလို ဝန်ထမ်းအင်အားကို လျှော့ချရတာလို့ သိရပါတယ်။

အခုနှစ်အတွင်း Meta ကုမ္ပဏီဟာ AI အခြေခံအဆောက်အအုံတွေ၊ ဒေတာစင်တာတွေနဲ့ ချစ်ပ်ပြား (chips) တွေ ထုတ်လုပ်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁၂၅ ဘီလီယံ ကနေ ၁၄၅ ဘီလီယံအထိ စံချိန်တင် ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအရာရှိချုပ် (CFO) Susan Li ရဲ့ ပြောကြားချက်အရ AI နည်းပညာ တိုးတက်မှု မြန်ဆန်နေတာကြောင့် ကုမ္ပဏီအတွက် ဝန်ထမ်းအင်အား ဘယ်လောက်ရှိသင့်သလဲဆိုတာကိုတောင် တိတိကျကျ မပြောနိုင်တော့ဘူးလို့ ဆိုပါတယ်။

ကုမ္ပဏီဟာ ဝန်ထမ်းတွေရဲ့ လစာထက် AI နည်းပညာပိုင်းမှာ ပိုပြီး ငွေကြေးပုံအော သုံးစွဲနေတာကြောင့် ဝန်ထမ်းဦးရေကို ထိန်းညှိဖို့ လိုအပ်လာတာဖြစ်ပါတယ်။

Mark Zuckerberg ကတော့ AI ဟာ လူသားတွေရဲ့ နေရာမှာ အစားထိုးဖို့ မဟုတ်ဘဲ လူသားတွေရဲ့ လုပ်နိုင်စွမ်းကို ပိုပြီး မြှင့်တင်ပေးဖို့သာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကုမ္ပဏီအတွင်းမှာတော့ ဝန်ထမ်းတွေရဲ့ အလုပ်လုပ်ပုံကို AI စနစ်နဲ့ စောင့်ကြည့်စစ်ဆေးပြီး အလုပ်စွမ်းဆောင်ရည်အပေါ် မူတည်ပြီး အဆင့်သတ်မှတ်တာတွေ လုပ်ဆောင်နေပါတယ်။

အခုအခါမှာ Meta ဟာ အရင်က အဖွဲ့လိုက်လုပ်ခဲ့ရတဲ့ အလုပ်တွေကို တစ်ဦးတည်း လုပ်နိုင်စွမ်းရှိတဲ့ ဝန်ထမ်းမျိုးတွေကိုပဲ အလိုရှိနေပြီး အဲဒီစံနှုန်းနဲ့ မကိုက်ညီတဲ့ ဝန်ထမ်းတွေကိုတော့ အလုပ်ကနေ ထွက်ခွာခွင့် ပေးနေတာပဲ ဖြစ်ပါတယ်။

Ref: Times of India

မျှဝေရန်

ဆက်စပ်ဆောင်းပါးများ

BYD ရဲ့ ကားပြခန်းတွေမှာ ဧည့်သည်တွေကို လူတူစက်ရုပ်တွေက ကြိုဆိုတော့မည်

တရုတ်လျှပ်စစ်ကားကုမ္ပဏီကြီး BYD ဟာ စက်ရုံတွေနဲ့ ကားအရောင်းပြခန်းတွေမှာ အသုံးပြုဖို့အတွက် လူတူစက်ရုပ်ဒီဇိုင်းအသစ်ကို ပြသခဲ့ပါတယ်။

၁၃/၁၀/၂၀၂၆

OnePlus 16 ထွက်ရှိ၊ Snapdragon 8 Elite Extreme Gen 6 နှင့် 9,000 mAh ဘက်ထရီ ပါဝင်

OnePlus 16 ဖုန်းသစ်ကို Snapdragon 8 Elite Extreme Gen 6 chipset၊ 200MP camera နှင့် 9,000 mAh ဘက်ထရီတို့နှင့်အတူ စတင်မိတ်ဆက်လိုက်ပါပြီ။

၁၃/၁၀/၂၀၂၆

iQOO Neo12 ၏ အဓိက Spec များကို တရားဝင်ထုတ်ပြန်

iQOO Neo12 ၏ အဓိက spec များကို တရားဝင်ထုတ်ပြန်လိုက်ပြီး powerful processor၊ စွမ်းအားကောင်း battery နှင့် fast charging technology များ ပါဝင်မှာဖြစ်ပါတယ်။

၁၃/၁၀/၂၀၂၆
  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများဆက်သွယ်ရန်

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.comWebsite by RFOX Media